Monday, December 11, 2023

ပလက်ဝမြို့နယ်ရှိ “နှုံးဘူးဗျူဟာ” ကုန်းကို AA သိမ်းပိုက်


ပလက်ဝမြို့နယ်ရှိ “နှုံးဘူးဗျူဟာ” ကုန်းကို AA သိမ်းပိုက်

(၁၂- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၁၁ ရက်၊ ည ၁၂ နာရီအထိ ရထားတဲ့ အရေးကြီး တိုက်ပွဲသတင်းတွေထဲက ပလက်ဝမြိုနယ်ရှိ “နှုံးဘူးဗျူဟာ” ကုန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်လိုက်တာကို အရင်ဆုံး တင်ပြချင်ပါတယ်။ 

 “နှုံးဘူးဗျူဟာ” ကို ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ်မှာ ရက္ခိုင့်တပ်တော် AA က  အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်...

-  ရှမ်းမြောက်ဒေသရှိ တအာင်းတပ်မတော် TNLA ကလည်း နမ့်ဆန်နဲ့ လားရှိုးက စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒီနေ့ သိမ်းပိုက်ပါတယ်။

- MNDAA ကတော့ ဒီနေ့ တိုက်ပွဲသတင်းထုတ်ပြန်တာမတွေ့ရပါဘူး။ ဒါပေမယ့်
လောင်ကိုင်မှာ ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို
ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ဒဏ်ရာရသူတွေကို ကယ်ထုတ်နေရတယ်လို့
ပြောပါတယ်။

- ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာတော့ ဆောထိမြို့နယ်ရှိ  စစ်ကောင်စီ တပ်သားတွေ စွန့်ခွာ ထွက်ပြေးသွားတဲ့ ကွန်ဖဲ့စခန်းကို KNLA က မီးရှို့ရှင်းလင်းခဲ့ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More