Tuesday, December 19, 2023

နမ့်ခမ်းမြို့ှရှိ စခန်းသစ်ကုန်းကို TNLA က သိမ်းပိုက်


နမ့်ခမ်းမြို့ှရှိ စခန်းသစ်ကုန်းကို  TNLA က သိမ်းပိုက်

(၁၈- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၁၉ ရက် ညနေ ၆ နာရီအထိရထားတဲ့ တိုက်ပွဲသတင်းတွေထဲက... နမ့်ခမ်းမြို့ရှိ စခန်းသစ်ကုန်းကို TNLA က သိမ်းပိုက်လိုက်တဲ့သတင်း အရင်ဆုံးတင်ပြချင်ပါတယ်။

ဒီစခန်းကို မနေ့ကတည်းက တိုက်ခိုက်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပြီး ဒီမနက်ပိုင်းမှာ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ဒါဟာ  နမ့်ခမ်းမှာ တခုတည်းကျန်နေတဲ့ နောက်ဆုံးစခန်းလည်းဖြစ်ပါတယ်။ ဒီစခန်းရရှိရေးအတွက် တလကျော် ထိုးစစ်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဖက်က လက်နက်ချတာ၊ လက်နက်တွေအများအပြားသိမ်းမိတာ ရှိတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင်...

-  ရမ်းဗြဲကျွန်း  အောင်ချမ်းသာစေတီဝန်းကျင်နဲ့  ပေါက်တောမြို့မှာလည်း စစ်ကောင်စီကို AA က တိုက်ခိုက်...

- ချင်း- မကွေး နယ်စပ်၊  ဂန်ဂေါ-ဟားခါး ကားလမ်းပေါရှိ  ဘုံဇုံးတပ်စခန်းကို ချင်းပူးပေါင်းအဖွဲ့ က သိမ်းပိုက်လိုက်တဲ့အကြောင်း CDF- ဟားခါးရဲ့ ပြောကြားချက်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More