Tuesday, December 19, 2023

နမ့်ဆမ်နှင့် နမ့်ခမ်းကို လုံးဝသိမ်းပိုက်လိုက်ပြီး မန်တုံကို ဆက်တိုက်နေဟု...


နမ့်ဆမ်နှင့် နမ့်ခမ်းကို လုံးဝသိမ်းပိုက်လိုက်ပြီး မန်တုံကို ဆက်တိုက်နေဟု  TNLA ပြော

(၁၉ - ၁၂- ၂၀၂၃)

ရှမ်း-မြောက်ဒေသရှိ နမ့်ဆမ်နှင့် နမ့်ခမ်းမြို့တို့က ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် အရေးကြီးမြို့ဖြစ်တဲ့ မန်တုံကို ဆက်လက်တိုက်ခိုက်နေတယ်လို့ PSLF/ TNLA ပြောခွင့်ရပုဂ္ဂိုလ်ရုံးတာဝန်ရှိသူက BNN ကိုပြောပါတယ်။

မနေ့က သိမ်းလိုက်တဲ့ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် စခန်းသစ်ကုန်း သိမ်းပိုက်မှုအခြေနေကို မေးမြန်းစဉ် အခုလိုပြောခဲ့တာပါ။ စစ်ကောင်စီဖက်က တပ်ရင်းမှူးအပါဝင် ၁၀၀ ကျော်လက်နက်ချတယ်၊ လက်နက်တွေအများကြီးသိမ်းမိတယ်ဆိုတဲ့သတင်းတွေကိုတော့ အသေးစိပ်မပြောနိုင်သေးဘူးလို့ သူမက ဆိုပါတယ်။

ဒါ့အပြင်...

-  တိုက်ပွဲသံငြိမ်နေတာ ၁၀ ရက်လောက်ရှိနေပြီဖြစ်တဲ့ ကိုးကန့်နယ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကျဲတဲ့အတွက် တိုက်ပွဲပြန်ဖြစ်နေပြီလို့ MNDAA က
သတင်းထုတ်ပြန်...

- ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းနဲ့ ပေါက်တောမြို့မှာလည်း စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA ကြားမှာ  တိုက်ပွဲဖြစ်နေ...

-  ဂန့်ဂေါ-ဟားခါး ကားလမ်းပေါရှိ ဘုံဇုံးတပ်စခန်းကို ချင်းပူးပေါင်းအဖွဲ့ က သိမ်းပိုက်လိုက်တာ်လို့ CDF-ဟားခါး ပြောခွင့်ရပုဂိုလ်ကပြော..

-  မတူပီမြို့နယ်ရှိ ထယ်ဘွေးစခန်းကိုလည်း ချင်းပူးပေါင်းတပ်ဖွဲ့ တွေက မနေ့က သိမ်းပိုက်လိုက်တယ်လို့သိရ..

- ကရင်နီဒေသရှိ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာက စစ်ကောင်စီရဲ့ အရေးကြီး ပွိုင့်ကုန်းတခုကို သိမ်းပိုက်လိုက်တ်ယ်လို့ KNDF - Pekhon Zone က သတင်းထုတ်ပြန်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More