Monday, December 11, 2023

“မကွီအိမ်နူးမြို့က နွေဦးတော်လှန်ရေးမှာ ပထမဆုံး သိမ်းတဲ့မြို့ပါ”


“မကွီအိမ်နူးမြို့က နွေဦးတော်လှန်ရေးမှာ ပထမဆုံး သိမ်းတဲ့မြို့ပါ”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၁၁- ၁၂- ၂၀၂၃)

“ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲက မကွီအိမ်နူးမြို့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ကတည်းက သိမ်းပိုက်ခဲ့တာဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ ပထမဆုံး သိမ်းတဲ့မြို့လို့ဆိုနိုင်တယ်။ တော်လှန်ရေးတပ်ပေါင်းစုက ယောနယ်မှာ အရှိန်မြှင့်တိုက်ပွဲဝင်နေတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၄၅ ရက်တာကာလအတွင်း မင်းတပ်နဲ့ ယောနယ်က တိုးတက်ဖြစ်ထွန်းမှုအခြေအနေအကြောင်း...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- မကွီအိမ်နူးမြို့ကို ဘယ်အချိန်ကတည်းက သိမ်းထားတာလဲ...

- ERO နဲ့ PDF တပ်ပေါင်းစုရဲ့ ယောနယ်က တိုက်ပွဲအခြေအနေ...

- ၁၀၂၇ စစ်ဆင်ရေး ရှေ့တဆင့်မြှင့်ဖို့ ဘာတွေလိုအပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More