“မန်တုံမြို့ကို TNLA က သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်”
(၂၄- ၁၂- ၂၀၂၃)
ရှမ်းမြောက်ဒေသ မန်တုံမြို့ရှိ စစ်ကောင်စီရဲ့နောက်ဆုံးခံတပ် (ခလရ ၁၃၀) ကို TNLA တပ်တွေက ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေမှာကတည်းက အပြီးသိမ်းလိုက်ပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေက ဒီနေ့ ဖေါ်ပြပါတယ်။
ဒါပေမယ့် ဒီညနေပိုင်း ပုံမှန်ထုတ်ပြန်တဲ့ TNLA တိုက်ပွဲသတင်းထဲမှာတော့ ခလရ ၁၃၀ ကို သိမ်းတဲ့သတင်း ဖေါ်ပြမထားပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး TNLA ပြောခွင့်ရပုဂ္ဂိုလ်ရုံးကို ဆက်သွယ်နေပေမယ့် အခုချိန်အထိ ဆက်သွယ်လို့မရပဲဖြစ်နေပါတယ်။
မန်တုံဟာ TNLA က တတိယမြောက် သိမ်းတဲ့မြို့ဖြစ်ပြီး နမ့်ဆမ်နဲ့ နမ့်ခမ်းမြို့တို့ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်...
- MNDAA နဲ့ စစ်ကောင်စီတို့ ဒီလကုန်ဆွေးနွေးပွဲ ဖြစ်နိုင်ခြေရှိရဲ့လား...
- ကျောက်ဖြူမြို့နယ်နဲ့ ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်နဲ့ AA တို့ရဲ့ တိုက်ပွဲ...
- ချင်း-စစ်ကိုင်းတိုင်းနယ်စပ် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို CDF - KKG က တိုက်ခိုက်...
... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment