Thursday, December 7, 2023

“တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားနေရာတွေကို စစ်ကောင်စီက ဗုံးကြဲနေတယ်”


“တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားနေရာတွေကို စစ်ကောင်စီက ဗုံးကြဲနေတယ်”

- ပြောခွင့်ရပုဂ္ဂိုလ်ရုံး တာဝန်ခံအမျိုးသမီး (PSLF/ TNLA)

(၈-၁၂-၂၀၂၃)

“စစ်ကောင်စီတပ်ဟာ တိုက်ပွဲမှာအထိနာတိုင်း တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားနေအိမ်တွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်လေ့ရှိတယ်။ အခု အဲလို ဗုံးကြဲတာ ပိုများလာနေတယ်” လို့ (PSLF/ TNLA) ပြောခွင့်ရပုဂ္ဂိုလ်ရုံး တာဝန်ခံအမျိုးသမီးက BNN ကိုပြောပါတယ်။

နမ့်ခမ်းမြို့နယ် ပန်လော်နှင့် ဟိုနားရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးတွေအပါဝင် လူ ၅ ဦး အသက်ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

-  မိုင်းလုံမြို့နယ် လယ်ကြီးတပ်စခန်းသိမ်းပွဲ အခြေအနေ...

- မနေ့က သိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ မဆုတ်တန်း ခံစစ်ကုန်းများအကြောင်း..

- တိုက်ပွဲမှာအထိနာတိုင်း အရပ်သားတွေကို ဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ ဗျုဟာတခုလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒါ့အပြင် လောက်ကိုင်ဖက်က တိုက်ပွဲအခြေအနေနဲ့ စကခ ၁၂ မှူး ဗိုလ်မှုးချုပ် အောင်ဇော်လင်းရဲ့အလောင်း တွေ့ရှိတဲ့သတင်း၊ ပဲခူးတိုင်း မုန်းမြို့မှာလည်း စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားတွေ သောင်းနဲ့ချီထွက်ပြေးနေရတာတွေကိုလည်း စုစည်းတင်ပြထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More