“မြို့သိမ်းတိုက်ပွဲအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေပါတယ်”
- ခူရီးဒူ (စစ်ရေးချုပ် - KNDF)
(၁၀- ၁၂- ၂၀၂၃)
“၁၁-၁၁ စစ်ဆင်ရေးအရ ပြည်နယ်မြို့တော် လွိုင်ကော်ကိုသိမ်းနိုင်ရေးအတွက်
ကရင်နီတော်လှန်ရေးတပ်တွေက အင်တိုက်အားတိုက်လုပ်ဆောင်နေတယ်။
ပြည်သူတွေကလည်း နိုင်တဲ့ နေရာကနေ ပါဝင်ကူညီစေချင်တယ်” လို့
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူရီးဒူက ပြောပါတယ်။
၁၁-၁၁ စစ်ဆင်ရေး တလနီးပါးကာလအတွင်း လွိုင်ကော်မြို့
သိမ်းပိုက်နိုင်မှုအခြေအနေ၊ စစ်ကောင်စီက ဘာသာရေး၊
ဆေးဖက်ဆိုင်ရာအဆောက်ဦတွေမှာ တပ်စွဲထားမှု၊ မြို့တွင်းက လူထု အခြေအနေ
စတဲ့အကြောင်းတွေကို... BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ကရင်နီတော်လှန်းရေးတပ်တွေက လွိုင်ကော်မြို့ကို ဘယ်လောက်အထိ
ထိန်းချုပ်ထားနိုင်ပြီလဲ...
- စစ်ကောင်စီက အရပ်ဖက်ပစ်မှတ်တွေကို တမင်ဗုံးကြဲ တိုက်ခိုက်နေတာလား...
- တော်လှန်ရေးအရှိန်မြှင့်နိုင်အောင် လူထုတွေက ဘယ်လိုပါဝင် ကူညီပေးနိုင်မလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment