Thursday, December 28, 2023

“နမ္မတူမြို့ကို TNLA သိမ်းပိုက်၊ နတ်သံကွင်းဖက်မှာ တိုက်ပွဲပြင်းထန်”


“နမ္မတူမြို့ကို TNLA သိမ်းပိုက်၊ နတ်သံကွင်းဖက်မှာ တိုက်ပွဲပြင်းထန်”

(၂၈- ၁၂- ၂၀၂၃)

ရှမ်းမြောက်ဒေသက နမ္မတူမြို့ကို ဒီမနက်အစောပိုင်းမှာ အလုံးစုံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ PSLF/TNLA တအာင်းတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

ဒီဇင်ဘာ ၂၅ မှာ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်အကြာ (ဒီနေ့) ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် (၁း၃၀)နာရီမှာ စစ်ကောင်စီ ခမရ-၃၂၄ ဗျူဟာကုန်း အပါအဝင်  မန်စံ တပ်စခန်း၊ ပန်းသပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအားလုံးကို သိမ်းမိတာဖြစ်ပါတယ်။ 

ဒါကြောင့် ဒါဟာ တပ်စခန်းသိမ်းတာမဟုတ်ပဲ နမ္မတူမြို့တခုလုံးကို သိမ်းလိုက်တာဖြစ်တယ်လို့ PSLF/TNLA ပြောခွင့်ရက ပြောပါတယ်...

စစ်ကောင်စီဖက်က အကျအဆုံးအတိအကျမသိရသေးပမယ့် သိမ်းမိတဲ့လက်နက်တွေကတော့ အရင် မန်တုံမြို့သိမ်းတိုက်ပွဲတုန်းကလိုပဲ ရာနဲ့ချီနေတာကို ဓာတ်ပုံမှတ်တမ်းတွေထဲ တွေ့ရပါတယ်။

အခုဆိုရင် TNLA သိမ်းပိုက်တဲ့ မြို့ ၅ ခုအထိရှိလာပြီဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးချ- စနစ်တကျ လည်ပတ်နိုင်ဖို့ပြင်ဆင်နေတယ်လို့ PSLF/TNLA ပြောခွင့်ရကဆိုပါတယ်။

ဒါ့အပြင်...

ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ကျောက်တံခါးမြို့နယ်ရှိ နရွဲပင်၊ အုန်းနှဲပင်၊ ကျောက်ကြီး မြို့နယ်ရှိ လပတ်ရွာနှင့် နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်တဲ့တော်လှန်ရေးအဖွဲ့တွေထဲမှာ KNLA၊ PDF၊ ABSDF၊ BPLA ပူးပေါင်းမဟာမိတ်တပ်တွေပါဝင်တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံးက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးဟာ စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး၊ ကျိ၃်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေးဖြစ်တယ်လို့ပြောပါတယ်။ လက်ရှိအခြေနေမှာ နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားပြီး ပဲနွယ်ကုန်းမြို့ကနေ နတ်သံကွင်းမြို့ ဘက်သို့ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ခန့်ကို သဲကောကျေးရွာ အနီးမှာ တိုက်ခိုက်နိုင်တယ်၊ စကစ ဖက်က ၂၀ ခန့် ထပ်မံသေဆုံးတယ်လို့ ကျိ၃်ကညီz (ဖားစည်ဟိန်းသံ) နှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

(ကိုးကန့်၊ ရခိုင်နဲ့ အညာဒေသက တိုက်ပွဲသတင်းတွေကိုတော့ မနက်ဖန် မနက်ပိုင်းမှာ ဆက်လက်တင်ပြပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More