Sunday, December 3, 2023

“စစ်ကောင်စီကိုဖြုတ်ချတာအပြင် တိုင်းပြည်ကိုပါ အုပ်ချုပ်နိုင်စွမ်းရှိတယ်ဆိ...


“စစ်ကောင်စီကိုဖြုတ်ချတာအပြင် တိုင်းပြည်ကိုပါ အုပ်ချုပ်နိုင်စွမ်းရှိတယ်ဆိုတာကို နိုင်ငံတကာက လက်ခံဖို့လိုပါတယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၃- ၁၂- ၂၀၂၃)

“ကျနော်တို့ တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီကိုဖြုတ်ချနိုင်တဲ့အပြင် တိုင်းပြည်ကို တည်ငြိမ်စွာအုပ်ချုပ်နိုင်စွမ်းရှိသူတွေဖြစ်တယ်ဆိုတာကို နိုင်ငံတကာက လက်ခံဖို့လိုတယ်၊ လူသားချင်းစာနာတဲ့အကူအညီပေးရေးအတွက် နိုင်ငံတကာဖက်က အရှိန်မြှင့်ဖိုလိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကို ဖြိုချနိုင်သူမရှိလောက်ဘူးဆိုတဲ့ နိုင်ငံတကာရဲ့ အယူအဆဟာ အခု ၁၀၂၇ စစ်ဆင်ရေး တလကျော်ကြာပြီးချိန်မှာ ပြောင်းလဲသွားပြီလား၊ နိုင်ငံတကာရဲ့ လူသားစာနာ အကူအညီတွေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- စစ်တပ်ကို ဖြိုချနိုင်သူ မရှိလောက်ဘူးဆိုတဲ့ နိုင်ငံတကာရဲ့ အယူအဆဟာ အခု ၁၀၂၇ စစ်ဆင်ရေး တလကျော်ကြာပြီးချိန်မှာ ပြောင်းလဲသွားပြီလား...

-  ကရင်၊ ကရင်နီ၊ ကချင်နဲ့အတူ ညီနောင် ၃ ဖွဲ့ပါလာပြီဖြစ်တဲ့အတွက် အခြား ERO တွေလည်း နွေဦးတော်လှန်ရေးထဲ ပါဝင်လာတော့မလား...

- စစ်ကောင်စီဥက္ကဌနှင့်အဖွဲ့... ထွက်ပြေးမှာလား... လက်နက်ချမှာလားလို့ မေးရမယ့်အဆင့်ထိ ရောက်လာနေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More