Monday, December 25, 2023

“မြောက်ဦးမှာ တိုက်ပွဲဖြစ် - စကစ လက်နက်ကြီးကြောင့် မြောက်ဦးပြတိုက် မီးလော...


“မြောက်ဦးမှာ တိုက်ပွဲဖြစ် - စကစ လက်နက်ကြီးကြောင့် မြောက်ဦးပြတိုက် မီးလောင်ပျက်စီး”

(၂၅- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေ ၆ နာရီအထိ ရထားတဲ့တိုက်ပွဲသတင်းတွေထဲက... ရခိုင်ပြည်နယ် မြောက်ဦးမြို့က တိုက်ပွဲသတင်းကို အရင်ဆုံးတင်ပြချင်ပါတယ်။ 

မြောက်ဦးမြို့၊ ငွေတောင်ပေါက်တံတားရှိ  “ငွေတောင်ပေါက်ရဲစခန်း’ နှင့် “သူတော်မတောင်စခန်း” တို့က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၄) နာရီမှာ တိုက်ပွဲဖြစ်တယ်လို့ AA နှင့် ညီနောင် ၃ ဖွဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က မြိုံထဲကို လက်နက်ကြီးတွေနဲ့ပစ်တဲ့အတွက် လူနေရပ်ကွက်မီးလောင်၊ အရပ်သားတွေ ထိခိုက်တဲ့အပြင် ရခိုင်ရှေးဟောင်းအမွေအနှစ်တွေပါ ပျက်စီးခဲ့ရတယ်လို့ မနေ့ည နှောင်းပိုင်းက ထုတ်ပြန်တဲ့ ညီနောင် ၃ ဖွဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Western News ကတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ရခိုင်ရှေ့ဟောင်း အမွေအနှစ်တွေထားရှိရာ မြောက်ဦးပြတိုက် ပျက်စီး သွားတယ်လို့ ဒီနေ့ သတင်းဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လောက်ကိုင်မှာလည်း တိုက်ပွဲတွေပြန်ဖြစ်နေပြီး စစ်ကောင်စီရဲ့ ဗျုဟာကုန်း ၂ ခုကို MNDAA က မနေ့က သိမ်းလိုက်တယ်လို့ သတင်းတွေထွက်ပေါ်...

- TNLA- ဒေသမှာတော့ သိမ်းပိုက်မြို့တွေ အုပ်ချုပ်ရေးအတွက် အပတ်စဉ်(၄) အခြေခံရဲသင်တန်းနှင့် အပတ်စဉ် (၈) အထွေထွေအုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးစီမံမှုသင်တန်းဆင်းပွဲကျင်းပ...

- စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာ ရဲစခန်းကို ဒေသခံ PDF တွေက ဝင်ရောက်သိမ်းပိုက်...

- စစ်ကောင်စီ- ခမရ ၄၀၆ ရဲ့ တပ်ပြောင်း စစ်သုံးပစ္စည်းကားကို မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးမိ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More