Friday, December 22, 2023

“အကြိမ် ၅၀ နီးပါး ဗုံးကြဲခြင်းဖြင့် ငြိမ်းချမ်းရေးသဘောတူချက်ကို စစ်ကောင်...


“အကြိမ် ၅၀ နီးပါး ဗုံးကြဲခြင်းဖြင့် ငြိမ်းချမ်းရေးသဘောတူချက်ကို စစ်ကောင်စီ ချိုးဖောက်ဟု MNDAA ပြော”

(၂၃- ၁၂- ၂၀၂၃)

ဒီဇင်ဘာလ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ (၄)ရက်တာအတွင်း စစ်ကောင်စီတပ်က ကိုးကန့်‌ဒေသကို လေကြောင်းဖြင့် (၄၉) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ဒါဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ပိုင်းကတည်းက ငြိမ်နေတဲ့ စစ်ပွဲငြိမ်းချမ်းမှုကို စစ်ကောင်စီက ချိုးဖောက်တာဖြစ်တယ်လို့ MNDAA က ဒီနေ့ (ဒီဇင်လာ ၂၂ မှာ) သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေအချိန်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဟာ ကိုးကန့်လောက်ရှမ့်ထန်နေရာရှိ MNDAA ရဲ့ ခံတပ်ကို စတင်ထိုးစစ်တိုက်ခိုက်တာဖြစ်တယ်လို့ပြောပါတယ်။

ဒါဟာ တရုတ်အစိုးရရဲ့ ကြားဝင်ပေးမှူအရ စစ်ကောင်စီနဲ့ MNDAA တို့ဆွေးနွေးတယ်၊ ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ဖို့သဘောတူချက်ရထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ပထမ ဆုံးထွက်ပေါ်လာတဲ့ ကြေညာချက်လည်းဖြစ်ပါတယ်။

ဒါ့အပြင်...

- မန်တုံမြို့  စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်း၊ ကွတ်ခိုင်က တပ်စခန်း၊ နမ္မတူ စစ်စခန်းတို့ကို  TNLA က ဝင်ရောက်တိုက်ခိုက်...

- ပလက်ဝမြို့နယ်၊  အိန္ဒိယနယ်စပ် BP-9 မြိတ်ဝရွာအနီးက ပွိင့် (၃၇၇) စခန်းကို သိမ်းဖို့ AA က ထိုးစစ်ဆင်နေ...

- လွိုင်ကော်ရှိ စစ်ကောင်စီတပ်တွေအနေနဲ့ လူထုနဲ့ပူးပေါင်းမလား၊ ချေမှုန်းခံမလားလို့ KNDF ဒုတိယ စစ်ဦးစီးချုပ် မာဝီက သတိပေး...

... စတဲ့  တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

 (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More