Monday, December 18, 2023

“နိုင်ငံရေးမကောင်းပဲ စီးပွားရေးမကောင်းနိုင်ဘူး၊ ပြန်လည်ထူထောင်ရေးကာလ အမြ...


“နိုင်ငံရေးမကောင်းပဲ စီးပွားရေးမကောင်းနိုင်ဘူး၊ ပြန်လည်ထူထောင်ရေးကာလ အမြန်ရောက်ဖို့လိုတယ်”

- ဦးစိန်ဌေး  (နိုင်ငံရေးဘောဂဗေဒ လေ့လာသူ)

(၁၉- ၁၂- ၂၀၂၃)

“နိုင်ငံရေးအခြေအနေကို တိုးတက်အောင်မလုပ်နိုင်ပဲ စီးပွားရေးတိုးတက်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် နိုင်ငံရေးအရ လူထုလက်မခံတဲ့ စစ်ကောင်စီကို အရင်ဖြုတ်ချဖို့လိုတယ်၊ ပြန်လည်ထူထောင်ရေးကာလရောက်ရင် စီးပွားရေးက ခနလေးနဲ့ထောင်တက်သွားမှာဖြစ်တယ်” လို့ နိုင်ငံရေးဘောဂဗေဒလေ့လာသူ ဦးစိန်ဌေးက ပြောပါတယ်။

နိုင်ငံရေးအရ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုလည်း မခံရ၊ စစ်ရေးအရလည်း ရှုံးနိမ့်နေပြီး စီးပွားရေးပါ ဒေဝါလီခံနေရတဲ့ စစ်ကောင်စီအနေနဲ့ ၂၀၂၄ မှာ စီးပွားရေးကို တစုံတရာတိုးတက်အောင် လုပ်နိုင်စွမ်းရှိနိုင်သေးလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ....

- တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားခြင်းက စစ်ကောင်စီရဲ့ စီးပွားရေးကို ဘယ်လိုထိခိုက်စေသလဲ...

- အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ စစ်ကောင်စီ ဘယ်လိုဆက်စပ်နေသလဲ...

- ၂၀၂၄ မှာ မြန်မာ့စီးပွားရေး ပိုကောင်းလာမလား- ပိုးဆိုးသွားမလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More