Wednesday, December 20, 2023

“လက်နက်တွေက မရေတွက်နိုင်အောင်များလွန်းတဲ့အတွက် အများအပြားသိမ်းမိလို့ပဲပြ...


“လက်နက်တွေက မရေတွက်နိုင်အောင်များလွန်းတဲ့အတွက် အများအပြားသိမ်းမိလို့ပဲ
ပြောနိုင်ပါတယ်”

(၂၁- ၁၂- ၂၀၂၃)

နမ့်ခမ်းမြို့ နဲ့ နမ့်ဆမ်မြို့သိမ်းတိုက်ပွဲတွေကနေ အဝေးပစ် ဟာဝစ်ဇာ အမြောက်ကြီးတွေအပါဝင် လက်နက်မျိုးစုံ ရာနဲ့ချီသိမ်းမိပြီး ချက်ချင်းရေတွက်ဖို့မဖြစ်နိုင်တဲ့အတွက် -အများအပြားသိမ်းမိ- လို့သာ သတင်းထုတ်ပြန်နိုင်တယ်လို့ TNLA ပြောခွင့်ရပုဂ္ဂိုလ်ရုံး တာဝန်ခံကပြောပါတယ်။

သိမ်းမိတဲ့လက်နက်တွေများလွန်းတဲ့အပြင် လက်နက်ကြီးတွေလည်းပါတဲ့အတွက် ကရိန်းကားတွေနဲ့ပါ သယ်ယူနေရတဲ့ ဓာတ်ပုံမှတ်တမ်းတွေ၊ ဗွီဒီယိုကလစ်တွေနဲ့ပတ်သက်ပြီး BNN က မေးမြန်းတာကို အခုလိုဖြေကြားခဲ့တာပါ။

မနေ့က (ဒီဇင်ဘာ ၂၀ ရက်နေ့)ကလည်း ကွတ်ခိုင်၊ မန်တုံနဲ့ နမ္မတူဖက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင်...

- ကွတ်ခိုင်မြို့နယ် နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်စခန်းကို ဒီဇင်ဘာ ၂၀ ရက်နေ့မှာ (KIA)နဲ့  ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်...

- ကိုးကန့်ဒေသရှိ (MNDAA) ရဲ့ တပ်နေရာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ၊ မြေပြင်ထိတွေမှုလည်းရှိလာနေ...

- ရက္ခိုင့်တပ်တော် (AA) အခြေစိုက်လှုပ်ရှားတဲ့ ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်းနဲ့ ပေါက်တောမြို့တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ...

- သံလွင်မြစ်ကမ်းဘေးမှာ နှစ်(၃၀)ကြာ တပ်စွဲထားတဲ့ ပွိုင့်-၉၃၉ မိုလိုကျိုး တပ်စခန်းကို KNLA နဲ့ မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More