Saturday, December 30, 2023

“မြောက်ဦးမြို့နယ်က မြောင်းဘွေ ရဲစခန်းကို AA သိမ်းပိုက်နှင့် တိုက်ပွဲသတင်...


“မြောက်ဦးမြို့နယ်က မြောင်းဘွေ ရဲစခန်းကို AA သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...

(၃၁- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၃၀ ရက် ည ၁၂ နာရီအထိရထားတဲ့သတင်းတွေထဲက ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ မြောင်းဘွေ ရဲစခန်းကို AA က ဒီနေ့ သိမ်းပိုက်တဲ့အကြောင်း အရင်ဆုံးတင်ပြချင်ပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၂ နာရီမှာ စတင် ထိုးစစ်ဆင်ပြီး မနက်ပိုင်းမှာပဲ သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ည ၁၂ နာရီထုတ်ပြန်တဲ့ AA နှင့် ညီနောင် ၃ ဖွဲ့ကြေညာချက်မှာဖေါ်ပြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ရက်တွေအတွင်း ဘဂ်လားဒေ့ရှ်နယ်စပ်နဲ့ အိန္ဒိယ နယ်စပ်ရှိ ခဝဲဗျုဟာကုန်းနဲ့ 
ပွိုင့် (၃၇၇) ဗျုဟာကုန်း၊ မြောက်ဦးရဲစခန်းတို့ကို သိမ်းပြီးတဲ့နောက် ဆက်တိုက်သိမ်းပိုက်မှုဖြစ်ပါတယ်။

ပွိုင့် ၃၇၇ ဗျုဟာကုန်းကနေ ဆုတ်ခွာလာရတဲ့ စစ်ကောင်စီတပ်သား ၁၅၀ ခန့် အိန္ဒိယနိုင်ငံထဲ ထွက်ပြေးသွားတယ်။ ဒဏ်ရာပြင်းသူတွေကို အိန္ဒိယ တာဝန်ရှိသူတွေက ဆေးကုသပေးပြီး မကြာခင် မြန်မာနိုင်ငံပြန်ပို့ဖွယ်ရှိတယ်လို့ အိန္ဒိယသတင်းစာ United News Of India မှာ ရေးထားပါတယ်။

ဒါ့အပြင်...

- တအာင်းနယ်မြေရှိ  မိုင်ငေါ့မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ သီပေါမြို့နယ်ရှိ အရပ်သားနေရာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်...

- လောက်ကိုင်ဒေသက ပြည်သူတွေ၊ နိုင်ငံခြားသားတွေအားလုံး စစ်ပွဲနဲ့ဝေးရာသို့ ရှောင်ရန်၊ နိုင်ငံခြားသားများ MNDAA ထံ ဆက်သွယ်ပြီး တရားဝင်လမ်းကြောင်းဖြစ်အမြန်ဆုံး အိမ်ပြန်ရန် MNDAA က နှိုးဆော်စာထုတ်...

- ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ် လာ့တကော(တောင်ကြာအင်း) ရဲစခန်းနှင့်တပ်စခန်းကို (KNLA)နှင့်(KNDO)ဦးစီးတဲ့ မဟာမိတ်အဖွဲ့က သိမ်းပိုက်...

....စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More