Wednesday, December 20, 2023

ဒီဇင်ဘာ ၂၀ တိုက်ပွဲသတင်း စုစည်းတင်ပြချက်


ဒီဇင်ဘာ ၂၀ တိုက်ပွဲသတင်း စုစည်းတင်ပြချက် (၂၀- ၁၂- ၂၀၂၃) နမ့်ခမ်းမြို့ရှိ “စခန်းသစ်ကုန်း” အပါအဝင် တပ်စခန်းကြီး၊ ငယ် စုစုပေါင်း (၁၉) ခုကို စစ်ဆင်ရေးကာလ တစ်လအကြာမှာ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဟာ နမ့်ခမ်းမြို့ကို ထိန်းချုပ်လိုက်နိုင်တာအပြင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယအဆင့်ကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်နေခြင်းဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။ MNDAA, TNLA, AA ညီနောင် ၃ဖွဲ့စလုံး ပါဝင်တိုက်ခိုက်နေတဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် အပြည့်အ၀ ထိန်းချုပ်နိုင်အောင် ဆက်လက်ဆောင်ရွက်နေတယ်လို့ ညီနောင် ၃ ဖွဲ့ကပြောပါတယ်။ TNLA ပြောခွင့်ရပုဂ္ဂိုလ်ရုံးတာဝန်ခံကတော့ ဒီနေ့ ထူးခြားတိုက်ပွဲသတင်းဝင်လာတာမရှိသေးဘူး။ နမ့်ခမ်း၊ နမ့်စမ်မြို့ ၂ မြို့ကို အပြည့်အ၀ ထိန်းချုပ်ပြီးနောက် မန်တုံကို ထိန်းချုပ်နိုင်ရေးဆက်လုပ်နေတယ်။ စစ်ဆင်ရေးကာလ (၅၄)ရက်တာအတွင်း မြို့ ၂ မြို့နဲ့ စခန်းပေါင်း ၆၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ပြောပါတယ်။ ဒါ့အပြင်... - ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ ရမ်းဗြဲမြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်နေတဲ့အတွက် အရပ်သားထိခိုက်မှုရှိနေတယ်လို့ AA က သတင်းထုတ်ပြန်... - သံလွင်မြစ်ကမ်းဘေးမှာ နှစ်(၃၀)ကြာ တပ်စွဲထားတဲ့ ပွိုင့်-၉၃၉ မိုလိုကျိုး တပ်စခန်းကို KNLA နဲ့ မဟာမိတ်တပ်ပေါင်းစုက သိမ်းပိုက်.... - ချင်းပြည်နယ်မှာတော့ ဂန်ဂေါ- ဟားခါး ကားလမ်းပေါရှိ ဘုံဇုံးတပ်စခန်းနဲ့ မတူပီ- ပလက်၀ ကားလမ်းမပေါ်ရှိ ထယ်ဘွေးတပ်စခန်းတွကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်.... ...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More