“MNDAA ဒေသမှာ နည်းနည်းငြိမ်သွားတယ်ဆိုပေမယ့် တနိုင်ငံလုံး အနေအထားကတော့ စစ်ရှိန်တက်လာနေပါတယ်”
ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၂၃- ၁၂- ၂၀၂၃)
“MNDAA ဒေသမှာ နည်းနည်းငြိမ်သွားတယ်ဆိုပေမယ့် တနိုင်ငံလုံးအနေအထားကတော့ စစ်ရှိန်တက်လာနေပါတယ်။ အရှေ့မြောက်ကနေ အနောက်မြောက်၊ ပြီးတော့ ချင်း၊ ရခိုင်၊ ကရင်နီ၊ ကရင် စစ်ဒေသအားလုံးမှာ တော်လှန်ရေးအရှိန်ကောင်းနေတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး ၂ လတာအတွင်း တိုးတက်မှုတွေ၊ အားသာချက်-အားနည်းချက်တွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- ၁၀၂၇ စစ်ဆင်ရေး ၂ လတာအတွင်း ဘယ်လောက်အောင်မြင်မှု ရနေပြီလဲ....
- တရုတ်ရဲ့ကြားဝင်မှုက ဒီစစ်ဆင်ရေးကို အရှိန်ကျစေနိုင်သမလား...
- နွေဦးတော်လှန်ရေးအင်အားစုတွေ တနိုင်ငံလုံး ဟန်ချက်ညီ လှုပ်ရှားနိုင်နေပြီလား...
... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(၂၀၂၄ နှစ်ဦးပိုင်းမှာ တော်လှန်ရေးအရှိန် ဒီထက်ပိုကောင်းလာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။
0 comments:
Post a Comment