Monday, December 18, 2023

နမ့်ဆန်မြို့ကို TNLA က သိမ်းပိုက်


နမ့်ဆန်မြို့ကို TNLA က သိမ်းပိုက်

(၁၈- ၁၂- ၂၀၂၃)

နမ့်ဆန်မြု့ိနယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီဇင်ဘာ ၁၅ မှာ ရှင်းလင်းသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ TNLA က မနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တပ်မ ၁၀၁ တပ်မမှူး ကိုယ်တိုင်ကွပ်ကဲနေတဲ့ တပ်စခန်းတွေကို သီတင်း ၆ ပတ်ကြာထိုးစစ်ဆင်ခဲ့ရတာဖြစ်ပြီး နောက်ဆုံးအကြိမ်ထိုးစစ်ကို ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲမှာ လုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အခုထိုးစစ်အတွင်း စစ်ကောင်စီဖက်က အလောင်း ၆၀ ကျော်၊ အရှင်ဖမ်းမိသူ စစ်သား ၃၀ နဲ့ ရဲ ၆ ဦး၊ မိသားစုဝင် ၂၈ ဦးအပါဝင် အားလုံး အားလုံး ၆၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းထားတယ်လို့သိရပါတယ်။ ဒါ့အပြင် ဟောင်ဝစ်ဇာ တာဝေးပစ် အမြောက်ကြီး ၄ လက်အပါဝင် လက်နက်မျိုးစုံ၊ ခဲယမ်းမျိုးစုံ သိမ်းပိုက်မိတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ်  ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့  ရခိုင်တပ်တော် AA တို့အကြား တိုက်ပွဲဖြစ်နေ...

- ကေအန်ယူ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်အတွင်းရှိ ထီးထ တပ်စခန်း (ပွိုင့် 939 စခန်း) ကို KNLA နဲ့ မဟာမိတ်တပ်တွေက မနေ့က သိမ်းပိုက်...

- တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို PDF တပ်တွေက မိုင်းရှင်းလင်းရေးလုပ်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(စီးပွားရေးပညာရှင် ဦးစိန်ဌေးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် မနက် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More