Monday, December 4, 2023

“စတန်းဒ အာမီကြီး ပြိုကျနေတာ အားလုံးအမြင်ပဲ၊ နောက်ဆုံးတံခါးကို ရောက်နေပြီ”


“စတန်းဒ အာမီကြီး ပြိုကျနေတာ အားလုံးအမြင်ပဲ၊ နောက်ဆုံးတံခါးကို ရောက်နေပြီ”

- ဦးစိန်ဌေး (နိုင်ငံရေး ဘောဂဗေဒ လေ့လာသူ)

(၄- ၁၂ -၂၀၂၃)

“အင်အား ၅- သိန်းလောက်ရှိတဲ့ စတန်းဒ အာမီကြီး မပြိုနိုင်ဘူးလို့ တွက်ဆထားသူတွေဟာအခု နိုင်မြင်းလောင်းဖို့ ဘက်ပြောင်းလာနေပြီဖြစ်တယ်။ နောက်ဆုံးတံခါးကို ကန်ဖွင့်ပြီးတာနဲ့ တိုင်းပြည်ကို စတင်အုပ်ချုပ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေက အဆင်သင့်ပြင်ထားသင့်တယ်” လို့ နိုင်ငံရေး - ဘောဂဗေဒ လေ့လာသူ၊ (၁၉၇၄ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်၊ အလုပ်သမားအရေးအခင်းတွေမှာ တက္ကသိုလ်ကျောင်းသားတဦးအဖြစ်ပါဝင်ခဲ့သူ) ဦးစိန်ဌေးက ပြောပါတယ်။

အင်အား ၅- သိန်းလောက်ရှိတဲ့ စတန်းဒ အာမီကြီးကို ဖြိုနိုင်သူ မရှိလောက်ဘူးဆိုတဲ့ အစဉ်အလာစဉ်းစားပုံကနေ ခွဲထွက်လာတဲ့ နိုင်ငံအချို့၊ အဖွဲ့အစည်းအချို့က တော်လှန်ရေးအင်အားစုတွေနဲ့ဆက်သွယ်ပြီး နိုင်မြင်းလောင်းချင်တဲ့ပုံစံ ရှိလာနေတယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- စတန်းဒအာမီကြီး ပြိုကျနေပြီလို့ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ....

- စစ်ကောင်စီကပြောနေတဲ့ တိုင်းပြည်ပြိုကွဲနိုင်တယ်ဆိုတာနဲ့ အရင် ဗိုလ်နေဝင်း ပြောခဲ့တဲ့ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးအလိုဆိုတာနဲ့ အတူတူပဲလား...

- နောက်ဆုံးတံခါး ကန်ဖွင့်ချိန်မှာ အဆင်သင့်ဖြစ်နေအောင် ဘာတွေ ပြင်ထားသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More