Thursday, December 14, 2023

မော်လူးမြို့သိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်းများထုတ်ပြန်


မော်လူးမြို့သိမ်းတိုက်ပွဲ ဓာတ်ပုံမှတ်တမ်းများထုတ်ပြန်

(၁၄- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၆ နာရီအထိ ရထားတဲ့ တိုက်ပွဲသတင်းတွေထဲက စစ်ကိုင်း-ကချင်နယ်စပ် မော်လူးမြို့သိမ်းတိုက်ပွဲ မှတ်တမ်းဓာတ်ပုံတွေ ထုတ်ပြန်တာကို အရင်ဆုံးတင်ပြချင်ပါတယ်...

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ရှိ မော်လူးမြို့ကို ABSDF, KIA, KPDF နှင့် ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ပူးပေါင်းတပ်ဖွဲ့ ၁၃ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ABSDF က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင်...

- ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို KNLA ၊ PDF, BPLA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုကသိမ်းပိုက်ပြီး ရဲစခန်းကို မီးရှို့ရှင်းလင်း...

-  နမ့်ဆန်မြို့ စစ်ကောင်စီ အချိုခြောက် (လက်ဖက်ခြောက်) စက်ရုံတပ်စခန်းကို PSLF/TNLA က သိမ်းပိုက်...

- NUG ကာကွယ်ရေးဝန်ကြီးဌာန ဒု ဝန်ကြီး နိုင်ကောင်းရွက်ဟာ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများကို တွေ့ဆုံ...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(မနက်ဖန်မနက်မှာတော့ ကရင်နီဒေသက စစ်ပွဲတွေအကြောင်း -ကလလတ- အရာရှိတဦးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More