Saturday, December 2, 2023

“နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မခံရ၊ စစ်ရေးကလည်း ရှုံး၊ စီးပွားရေးကလည်း ...


“နိုင်ငံရေးအရ အသိအမှတ်ပြုခြင်း မခံရ၊ စစ်ရေးကလည်း ရှုံး၊ စီးပွားရေးကလည်း မြင်တဲ့အတိုင်းပဲ”

- ဦးစိန်ဌေး (နိုင်ငံရေး - ဘောဂဗေဒ လေ့လာသူ)

(၃- ၁၂- ၂၀၂၃)

“စစ်ကောင်စီဟာ နိုင်ငံရေးအရ ဘယ်သူရဲ့အသိအမှတ်ပြုခြင်းကိုမှ မခံရ၊ စစ်ရေးအရလည်း ရှုံးနိမ့်လာ၊ စီးပွားရေးကလည်း လုံးဝကျဆင်းနေတဲ့အတွက် ပြိုကျတော့မှာ သေချာတယ်” လို့  နိုင်ငံရေး - ဘောဂဗေဒ လေ့လာသူ၊ ၁၉၇၄ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်၊ အလုပ်သမားအရေးအခင်းတွေမှာ တက္ကသိုလ်ကျောင်းသားတဦးအဖြစ်ပါဝင်ခဲ့သူ ဦးစိန်ဌေးက ပြောပါတယ်။

လတ်တလော ရန်ကုန်မှာ လောင်စာဆီဈေးတက်နေတာ၊ ဒေါ်လာ ပြတ်လပ်နေတာ၊ နယ်စပ်ကုန်သွယ်ရေးလမ်းတွေ အပိတ်ခံရတာ၊ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာ၊ ၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်လာတာ... စတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- လောင်စာဆီမလုံလောက်တာ၊ ဈေးတက်တာ ဘာကြောင့်လဲ...

- နယ်စပ်ကုန်သွယ်ရေးအပိတ်ခံရမှုက စစ်ကောင်စီကို ဘယ်လိုထိခိုက်စေသလဲ...

- ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန်ကြောင့် စစ်ကောင်စီဟာ ထင်တာထက် ပိုစောပြီး ပြုတ်ကျသွားနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီကိုဖြုတ်ချတာအပြင် တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းပါရှိကြောင်း ပြနိုင်ဖို့ ဘာတွေလိုအပ်နေသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More