Wednesday, December 27, 2023

“မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA သိမ်းပိုက်၊ မြောက်ဦးနှ...


“မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA သိမ်းပိုက်၊ မြောက်ဦးနှင့် လောက်ကိုင်တွင် တိုက်ပွဲဖြစ်”

(၂၇- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၂၇ ရက် ညနေ ၆ နာရီအထိရထားတဲ့ တိုက်ပွဲသတင်းတွေထဲက ပဲခူးတိုင်း (မူူး) မုန်းမြိုနယ်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် တာ်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့က (ဒီဇင်ဘာ ၂၆ မှာ) သိမ်းပိုက်လိုက်တာကို အရင်ဆုံး တင်ပြချင်ပါတယ်။

ကအဲန်ယူ− တပ်မဟာ (၃)နယ်မြေ မူးမြို့နယ် အတွင်းရှိ လည်ပတ်၊ အုန်းနဲပင်နှင့် နရွဲပင်တပ်စခန်းတို့ကို အခုလိုသိမ်းလိုက်တာဖြစ်ပြီး စစ်ကောင်စီဖက်က ၂၀ ဦးသေဆုံး၊ လက်နက် မျီုးစုံ ၁၉  လက်ရရှိတယ်လို့ KNU ဗဟိုက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုဖက်က နတ်သံကွင်းရှိတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဖက်ကတော့ လေကြောင်းကနေ ပစ်ခတ်နေတယ်လို့ KNU ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မြောက်ဦး ခရိုင်ရဲစခန်းကို AA သိမ်းပိုက်၊  ပလက်ဝမြို့နယ်က ခဝဲဗျူဟာကုန်းကို ထိုးစစ်ဆင်နေ..

-  နမ္မတူမြို့ မှာ ဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေ ရွှေ့ပြာင်းနေကြ...

-  လောက်ကိုင်ကို MNDAA က တိုက်ခိုက်၊  ဒကစ ကုန်းတခုပဲ ကျန်တော့တယ်လို့ဒေသတွင်း သတင်းတွေကဖေါ်ပြ...

-  PDF နဲ့ မဟာမိတ်တွေသိမ်းပိုက်ထားတဲ့ ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ပြန်ဆင်တဲ့အတွက် တိုက်ပွဲပြင်းထန်နေ..

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More