Sunday, December 17, 2023

“ဗဟိုဘဏ်မှာလည်း ဒေါ်လာမရှိ၊ နယ်စပ်ကုန်သွယ်ရေးကလည်း ဒေါ်လာမရတော့လို့ လွတ်...


“ဗဟိုဘဏ်မှာလည်း ဒေါ်လာမရှိ၊ နယ်စပ်ကုန်သွယ်ရေးကလည်း ဒေါ်လာမရတော့လို့ လွတ်ချလိုက်ရတာ”

- ဦးစိန်ဌေး  (နိုင်ငံရေးဘောဂဗေဒ လေ့လာသူ)

(၁၇- ၁၂- ၂၀၂၃)

“ဗဟိုဘဏ်မှာ ဒေါ်လာလက်ကျန်မရှိတော့တဲ့အပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကလည်း ပိတ်ကုန်ပြီဖြစ်တဲ့အတွက် ဘာဆက်လုပ်ရမှန်းမသိတဲ့စစ်ကောင်စီက လောင်စာဝယ်မယ့်သူတွေ အပြင်ပေါက်ဈေးနဲ့ ဒေါ်လာဝယ်နိုင်ပြီလို့ိ ပြောလိုက်တာဖြစ်တယ်။ အခြေအနေကို ဆက်ထိန်းမထားနိုင်တော့လို့ လွတ်ချလိုက်ရတာဖြစ်တယ်” လို့ နိုင်ငံရေး ဘောဂဗေဒလေ့လာသူ ဦးစိန်ဌေးက ပြောပါတယ်။

လောင်စာဝယ်ဖို့ ဒေါ်လာမရှိတာ၊ လောင်စာပြတ်လပ်တဲ့အတွက် ရာနဲ့ချီတဲ့ ကားတွေတန်းစီတိုးနေရတာ၊ စစ်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးပိတ်သွားတာ... စတဲ့အခြေအနေတွေကို  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ....

- စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာလဲမပေးတော့တဲ့အတွက် ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

- ကာသမားတွေ ညအိပ်တန်းစီတိုးရတဲ့အခြေအနေက မဆလ ခေတ်ထက် ပိုဆိုးနေပြီလား...

- နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အပိတ်ခံရခြင်းက စစ်ကောင်စီကို ဘယ်လောက်ထိခိုက်စေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီလောက်အခြေအနေဆိုးနေတဲ့ကြားထဲ ရှေ့နှစ်မှာ GDP 1% တက်နိုင်တယ်လို့ ခန့်မှန်းတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတယိ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်) 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More