Tuesday, December 26, 2023

“ကိုယ်တိုက်မှ ကိုယ်ရမည်"၊ "ရန်သူ့လက်နက် ကိုယ့်လက်နက်" လုပ်ရမည်ဟု ညီနောင်...


“ကိုယ်တိုက်မှ ကိုယ်ရမည်"၊ "ရန်သူ့လက်နက် ကိုယ့်လက်နက်" လုပ်ရမည်ဟု ညီနောင် ၃ ဖွဲ့ကြေညာ”

(၂၆- ၁၂- ၂၀၂၃)

ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေ ၆ နာရီအထိ ရထားတဲ့တိုက်ပွဲသတင်းတွေထဲက... "ကိုယ်တိုက်မှ ကိုယ်ရမည်"၊ "ရန်သူ့လက်နက် ကိုယ့်လက်နက်" လုပ်ရမည်လို့ ညီနောင် ၃ ဖွဲ့ကြေညာချက်ကို အရင်ဆုံးတင်ပြချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ရက် ၆၀ ပြည့်တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၁၂ နာရီမှာထုတ်ပြန်တဲ့ ကြေညာချက်မှာ အဲဒီလိုဖေါ်ပြထားတာပါ။ 

တိုက်ပွဲသတင်းအနေနဲ့ကတော့ ... ရှမ်းမြောက်ဒေသ နမ္မတူမြို့နယ်၊ သိန္နီမြို့နယ်တို့မှာ စကစနဲ့ TNLA တို့တိုက်ပွဲ ထပ်ဖြစ်တယ်လို့ဖေါ်ပြပါတယ်။ တနေ့က သိမ်းပိုက်မိတဲ့ မန်တုံဗျုဟာကုန်းကို ဆက်လက်ရှင်းလင်းရာမှာ နောက်ထပ် လက်နက်တွေထပ်ရတယ်လို့ TNLA က ပြောပါတယ်။

ရခိုင်းဖက်မှာတော့ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ နန်းတော်ရာကုန်းရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်နှင့် ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးမှုအပေါ် လက်တုန့်ပြန် သွားမယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင်...

- ပဲခူးတိုင်းဖက်မှာတော့ နတ်သံကွင်းမြို့ကို KNU နဲ့ PDF ပူးပေါင်းတပ်တွေက ဒီမနက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မီဒီယာတွေမှာ ဖေါ်ပြနေပါတယ်။ ဒါပေမယ့် KNU, PDF တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါ...

- မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို PDF တွေက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းမိ...

-  အားသစ်အင်သစ်နဲ့ ပြန်လည်ရုန်းထဖို့ရန်အတွက် Project Mindat 2024 ကမ်ပိန်းမှာ ပါဝင်ပေးကြရန် CDF- မင်းတပ် စစ်ဦးစီးချုပ်က တိုက်တွန်း...

-  နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ ပထမဆုံး မြေပြင်ဘဏ်ခွဲကို ကောလင်းမှာဖွင့်မည်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More