Saturday, December 2, 2023

“အလံဖြူထောင်တဲ့ပွဲတွေ ဆက်တိုက်မြင်လာရဖို့ ရှိနေတယ်”



“အလံဖြူထောင်တဲ့ပွဲတွေ ဆက်တိုက်မြင်လာရဖို့ ရှိနေတယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၂- ၁၂- ၂၀၂၃)

“လက်ရှိ အခြေအနေဟာ တော်လှန်ရေးတပ်တွေက ထိုးစစ်၊ စစ်ကောင်စီတပ်က ခံစစ်ဖြစ်သွားတာမို့ စစ်ကောင်စီဘက်က အလံဖြူထောင်တဲ့ပွဲတွေ ဆက်တိုက်မြင်လာရဖို့ရှိနေတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလကျော်ကြာပြီး စစ်ရေး နိုင်ငံရေးတိုးတက်ပြောင်းလဲမှုအခြေအနေ၊ KNU က မြို့သိမ်းတိုက်ပွဲ မလုပ်သေးတာ ဘာကြောင့်လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- ကော့ကရိတ်အပါဝင် ကရင်ပြည်နယ်ထဲက တိုက်ပွဲအခြေအနေ...

- KNU က မြို့သိမ်းတိုက်ပွဲမလုပ်သေးတာ ဘာကြောင့်လဲ...

- စစ်ကောင်စီဘက်က အလံဖြူထောင်မှ ဆွေးနွေးရေးကို စဉ်းစားသင့်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီမကြာခင် ပြုတ်ကျတော့မယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက သဘောပေါက်လာနေပြီလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More