Wednesday, December 13, 2023

“ဆွေးနွေးပွဲသတင်းကြောင့် နွေဦးတော်လှန်ရေး တိုက်ပွဲအရှိန် တန့်သွားတာမျိုး...


“ဆွေးနွေးပွဲသတင်းကြောင့် နွေဦးတော်လှန်ရေး တိုက်ပွဲအရှိန် တန့်သွားတာမျိုး မတွေ့ရပါဘူး”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၄- ၁၂- ၂၀၂၃)

“မြောက်ပိုင်းညီနောင် သုံးဖွဲ့နဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့သတင်းကြောင့် နွေဦးတော်လှန်ရေး တိုက်ပွဲအရှိန် တန့်သွားတာမျိုးမတွေ့ရဘူး။ သူ့အရှိန်အတိုင်း ဆက်သွားနေပြီး အချို့နေရာတွေမှာ ပိုတောင်အရှိန်ကောင်းလာနေတာ တွေ့ရတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဖိအားပေးမှူကြောင့် ညီနောင်သုံးဖွဲ့က ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဒီဆွေးနွေးမှုကြောင့် ၁၀၂၇ စစ်ဆင်ရေးနဲ့ နွေဦးတော်လှန်ရေး အရှိန်အဟုန်ကျသွားနိုင်တယ်ဆိုတဲ့ ယူဆချက်တွေနဲပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲ့ဆွေးနွေးပွဲ ဘာတွေထူးသလဲ...

- MNDAA ဒေသမှာ တိုက်ပွဲအရှိန် နည်းနည်းကျသွားသလိုရှိပေမယ့် TNLA, AA နဲ့ တနိုင်ငံလုံးမှာ တိုက်ပွဲအရှိန် တက်နေဆဲလား...

- အညာဒေသက PDF တွေနဲ့  ERO တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်မလဲ...

- KNU ဖက်က မြို့သိမ်းတိုက်ပွဲဆင်လာခြင်းက နွေဦးတော်လှန်ရေးကို ရှေ့တဆင့်တက်လာစေနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More