Saturday, December 9, 2023

“ဘိလပ်မြေခိုးပြီး ဆောက်ထားတဲ့ တိုက်အိမ်လိုပေါ့၊ ရေ တကယ်ထိတဲ့အခါ ပြိုကျတာ...


“ဘိလပ်မြေခိုးပြီး ဆောက်ထားတဲ့ တိုက်အိမ်လိုပေါ့၊ ရေ တကယ်ထိတဲ့အခါ ပြိုကျတာပါပဲ”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (တပ်မတော်အရာရှိဟောင်း - ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ)

(၉ -၁၂ -၂၀၂၃)

“လက်ရှိ စစ်ကောင်စီတပ်ရဲ့ အခြေအနေဟာ ဘိလပ်မြေခိုးပြီးဆောက်ထားတဲ့ တိုက်အိမ်လို စစ်စည်းကမ်းနဲ့စနစ်တကျတည်ဆောက်ထားတာမဟုတ်ပဲ လာဘ်စားမှု၊ ခြစားမှုမျိုးစုံနဲ့ ဖြစ်သလိုတည်ဆောက်ထားတာကြောင့် အခုလို ၁၀၂၇ စစ်ဆင်ရေးနဲ့တွေ့တဲ့အချိန်မှာ အလွှာလိုက်ပြိုကျသွားတာဖြစ်တယ်” လို့ တပ်မတော်အရာရှိဟောင်း၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၄၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ် လုံးဝပြန်မတိုက်နိုင်ပဲပြိုကျသွားတာ၊ အလံဖြူထောင် လက်နက်ချတာ၊ တပ်သားသစ်စုမရလို့ စစ်ပြေးတွေကို ပြန်ခေါ်နေရတာအပါဝင် စစ်တပ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

-  ပြစ်မှုကျုးလွန်လို့ ဖမ်းဆီးခံနေရတဲ့ စစ်သားတွေကို လွတ်ငြိမ်းခွင့်ပေးပြီး စစ်တပ်ထဲ ပြန်သွင်းနေခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ...

- စစ်ကောင်စီတပ်က လုံး၀ တပ်သားသစ် စုမရတော့ဘူးလား...

- လက်ရှိစစ်တပ်ဟာ ဘိလပ်မြေခိုးပြီးဆောက်ထားတဲ့ တိုက်အိမ်နဲ့ တူတယ်လို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ဆင်ရေးပြင်းထန်နေချိန်မှာ တပ်မတော်သားတွေ ဘာလုပ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More