ချောင်းဦးတိုက်ပွဲ စစ်ကောင်စီ အထိနာ... ထားဝယ်က စစ်သဘောၤ PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၆ မတ် ၂၀၂၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ချောင်းဦး-မြင်းမူ ဘက် ထွက်လာတဲ့ သံပြားကာကား ၂စီးပါ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ၁၇ ဦးသေဆုံးပြီး လက်နက် ၁၂ လက် သိမ်းမိတယ်လို့ ချောင်းဦး PDF က သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၄ ရက်၊ ညနေ ၃ နာရီခန့်မှာ အဲဒီယာဉ်တန်း ချောင်းဦးကို ကျော်ပြီး မြင်းမူဘက် အဝင် မုံရွာ-မန္တလေး လမ်းတနေရာမှာ တိုက်ခိုက်တာလို့ဆိုပါတယ်။
ချောင်းဦးမြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးနဲ့ အချက် ၁၀၀ ကျော် ပစ်သလို မုံရွာ နမခ ကလည်း စက်တပ်လေထီးနဲ့ ၂ ကြိမ် လာပစ်တဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ ဖေါ်ပြပါတယ်။
နယ်မြေရှင်းတဲ့အခါ စစ်ကောင်စီဘက်က ဒု-ဗိုလ်တဦး အပါအဝင် ၁၇ ဦသေဆုံး၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်နဲ့ မော်တော်ယာဉ်တွေ သိမ်းမိပါတယ်။
ဒီစစ်ဆင်ရေးကို ချောင်းဦးမြို့နယ် ‘ပကဖ’ တိုက်ခိုက်ရေးတပ် (CHU PDF)၊ ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ်ဖြစ်တဲ့ ULF စစ်ကြောင်း၊ B21 တပ်ရင်း၊ Chindwin Brother ၊ Bandula Defence Force အပါဝင် ဒေသခံတော်လှန်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ ငှက်ပျောတိုင်းရွာအနီး တော်လှန်ရေး တပ်တွေက နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်နဲ့ အတူ ဖမ်းမိ...
- (TNLA) ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ် အုမ္မတီး ကျေးရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် နေအိမ်တွေ၊ ကြံခင်းတွေ ပျက်စီး...
- သင်တန်းဆင်း စစ်သားသစ်တွေကို တင်ပြီး ထားဝယ်မြို့ကနေ မြိတ်ကို သွားဖို့ ထားဝယ်မြစ်အတိုင်း စုန်ဆင်းလာတဲ့ ကွန်တိန်နာသင်္ဘောကို ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ် ဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်...
- တနင်္သာရီမြို့နယ် အခြေစိုက်၊ ခမရ ၅၅၆ က တပ်သားတဦး MA.2 တလက်နဲ့ အတူ တနင်္သာရီ ‘ပကဖ’ ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment