“မြန်မာ့မီဒီယာ လောကမှာတော့ ထရမ့်က ကျော်ဆန်း အကြီးစားပဲ”
- ဦးတိုးဇော်လတ် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ )
(၁၇- ၃- ၂၀၂၅)
“ဒီမိုကရေစီအခြေခံအခွင့်အရေးတွေ၊ မီဒီယာလွတ်လပ်ခွင့်တွေကိုပိတ်ပင်နေတဲ့ အမေရိကန်သမ္မတ ထရမ့်ရဲ့ လုပ်ရပ်တွေဟာ နဝတ ခေတ် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ သွားတူနေတယ်၊ မြန်မာ့မီဒီယာလောကမှာတော့ ထရမ့်ဟာ ကျော်ဆန်းအကြီးစားဖြစ်နေတယ်” လို့ Independent Press Council Myanmar- လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦီးတိုးဇော်လတ် က ပြောပါတယ်။
မြန်မာပရိသတ်တွေအားထားရတဲ့ VOA နဲ့ RFA သတင်းဌာနတွေကို ထရမ့်အစိုးရက ဆိုင်းငံ့လိုက်တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- VOA နဲ့ RFA သတင်းဌာနတွေကို ဖျက်သိမ်းလိုက်တာလား- ခေတ္တာ ဆိုင်းငံ့ထားတာလား...
- ဒီလို ဆိုင်းငံ့လိုက်တဲ့အတွက် အမေရိကန်က သတင်းသမားတွေအပြင် ထိုင်းနယ်စပ်နဲ့ ပြည်တွင်းရှိ သတင်းသမားတွေကို ဘယ်လိုထိခိုက်စေသလဲ...
- သန်းနဲ့ချီရှိတဲ့ VOA နဲ့ RFA ပရိသတ်တွေကိုကော ဘယ်လို ထိခိုက်စေသလဲ...
- ထရမ့်အစိုးရက ဘာကြောင့် မီဒီယာနဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ၊ ဒီမိုကရေစီအခြေခံတွေကိုမှ ရွေးပြီး ဖြတ်တောက်နေတာလဲ...
- အမေရိကန်ဆုတ်ရင် တရုတ်နဲ့ ရုရှားက မြန်မာမီဒီယာလောကကို လွှမ်းမိုးလာနိုင်သလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment