ပူလူတူ စစ်ကောင်စီစခန်းကို KNLA သိမ်းပိုက်... စစ်ကောင်စီဥက္ကဌ မော်စကိုသွား... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၄ မတ် ၂၀၂၅
ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် ဘေးရှိ စစ်ကောင်စီရဲ့ ပူလူတူ တပ်စခန်းကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂ ရက် ညပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ ထိုင်းသတင်းဌာနတခုဖြစ်တဲ့ The Reporters က ဖော်ပြပါတယ်။
မတ်လ ၂ ရက် မနက်ပိုင်းမှာ KNLA က ဒရုန်းတွေနဲ့ ဗုံးကြဲပြီး မွန်းလွဲပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတယ် … ညပိုင်းရောက်တဲ့အချိန်မှာ KNLA က စခန်းကို ဝင်စီးပြီး စခန်းမီးလောင်နေတာကို ထိုင်းဘက်ကနေ မြင်နေရတယ်လို့ ဓာတ်ပုံမှတ်တမ်း ဖော်ပြပါတယ်။
ဒီစခန်းမှာ စစ်ကောင်စီတပ်သား ၃၀ ခန့် ရှိတယ်လို့ သိထားရပေမယ့် မနက်ပိုင်း နယ်မြေရှင်းလင်းတဲ့အခါ စစ်ကောင်စီတပ်သား တဦးမှ မတွေ့ရတော့ဘဲ ညကတည်းက အကုန် စခန်းစွန့် ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မတ်လ ၂ ရက်မှာ တိုက်ပွဲ ပြင်းထန်တဲ့အတွက် ကရင်ရွာသား ၅၀၀ ခန့် သောင်းရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက် ထွက်ပြေးလာတာ၊ ထိုင်းနယ်ခြားစောင့် စစ်သားတွေက ကူညီပေးတာတွေကိုလည်း ဖော်ပြပါတယ်။
KNLA တပ်မဟာ ၇ ဒေသ၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ နယ်ခွဲ နယ်မြေထဲမှာ ရှိတဲ့ ပူလူတူ စခန်းဟာ ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် ဘေးမှာ ကပ်နေတဲ့ အရေးကြီး ဗျူဟာစခန်းဖြစ်ပါတယ်။
KLNA တပ်မဟာ ၇ ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မာနယ်ပလော ဌာနချုပ်ဟောင်း စခန်းကို သိမ်းပိုက်ပြီးနောက် သောင်းရင်းမြစ်ဘေးမှာ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေတာဖြစ်ပါတယ်။
ဒါ့အပြင်...
- မိုးဗြဲမြို့မှာ စစ်ကောင်စီ တပ်နဲ့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုရှိ...
- (TNLA) ထိန်းချုပ်ဒေသ ကျောက်မဲမြို့၊ နှစ်မိုင်ကုန်း ရပ်ကွက်ကို စစ်လေယာဉ်က ဗုံးကြဲ...
- မြင်းခြံမြို့နယ်၊ လယ်သစ် ကျေးရွာဘက် ရောက်လာတဲ့ ပျုစောထီးခေါင်းဆောင် သီတာယုမွန် ဦးဆောင်တဲ့ အင်အား ၅၀ ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ပျူစောထီးဘက်က ထိခိုက် သေဆုံးမှု များ...
- စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ မတ်လ ၄ ရက်မှာ တွေ့ဆုံဖို့ ရုရှားနိုင်ငံကို အထူးလေယာဉ်နဲ့ ထွက်ခွာသွား...
- ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမ ရွာအခြေစိုက်၊ အမှတ် ၂၀၃၆ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ကြပ်တဦး MA-1 သေနတ် ၁ လက်၊ ဆိုင်ကယ်တစီးနဲ့ အတူ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းထံ ပြည်သူ့ရင်ခွင် ခိုလှုံ...
- တီးတိန် အခြေစိုက် ခလရ ၂၆၉ က တပ်ကြပ်ကြီးတဦး ဗုံးတွေ၊ ခဲယမ်းတွေ ယူဆောင်လာပြီး PDF Zoland ထံ လာရောက်ပူးပေါင်း...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment