ကပစ ၆ အနီးက ညောင်ကျိုးစခန်းကို AA ထိုးစစ်ဆင်... တောင်ငူက သပြေညွန့်စခန်း KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၀ မတ် ၂၀၂၅
ရခိုင်-ပဲခူး ဆက်စပ်ဒေသ တောင်ကုတ်-ပန်းတောင်း လမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ညောင်ကျိုးစခန်းကို အပြီးသတ် သိမ်းနိုင်ရေး အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်က ထိုးစစ် အရှိန်မြှင့်နေပြီး မတ်လ ၉ ရက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ Western News က ဖော်ပြပါတယ်။
ညောင်ကျိုး စခန်းဟာ ကပစ ၆ တည်ရှိတဲ့ ညောင်ခြေတောက်ရွာနဲ့ ၁၀ မိုင် ဝန်းကျင်သာ ဝေးတာကြောင့် စခန်း မကျရေးအတွက် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ အပြင်းအထန် ခုခံနေတဲ့အပြင် မှော်ဘီကနေ တပ်ရင်း ၃ ရင်း စစ်ကူ ပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ကျိုး စခန်းကို သိမ်းနိုင်ရင် ညောင်ခြေတောက် ဝန်းကျင်ရှိ ကပစ ၆ (ဥသျှစ်ပင်)၊ ကပစ ၉ (ကျောက်ဖူး)၊ ကပစ ၅ (ကမြိုင်)၊ ကပစ ၁၆ (မသုန်) နဲ့ ပြည်မြို့ တဘက်ကမ်းက ကပစ ၃ (ဆင်တဲ) ကို ဆက်တိုက် သိမ်းနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ စစ်ရေး အကဲခတ်တွေက ဆိုပါတယ်။
AA ဟာ ပဲခူးတိုင်းက ကပစ နယ်မြေတွေအပြင် မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းသာမက စစ်တွေနဲ့ကျောက်ဖြူကိုပါ တပြိုင်တည်း ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒါ့အပြင်...
- ပဲခူး-ကရင် ဆက်စပ်ဒေသမှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး ခလရ ၇၃ လက်အောက်ခံ သပြေညွန့် စခန်းကို (KNLA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက် ၁၀ ကျော်ရရှိ...
- ထန်းတပင်မြို့နယ်ရှိ ရေသုတ်ကြီး စခန်းက စစ်သားတွေ ခဲယမ်းသယ်ဖို့ ထွက်လာစဉ် တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား အချို့သေဆုံး၊ အချို့ ထွက်ပြေးပြီး လက်နက် ၅ လက် သိမ်းမိ...
- သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာဘက်ကို စစ်ကောင်စီတပ်တိုးလာတဲ့အတွက် (TNLA)၊ PDF (မိုးကုတ်ဗျူဟာ)၊ MDY PDF) ပူးပေါင်းတပ်နဲ့ တိုက်ပွဲပြင်းထန်နေ...
- ကန့်ဘလူမြို့နယ်၊ စပါယ်နံ့သာ ရွာဘက် ရောက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ပျူစောထီး တဦး သေ၊ လက်နက် ၄ လက် သိမ်းမိ...
- ကယန်းအမျိုးသား တပ်မတော် (KNA) က အခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်အပ်နှင်းပွဲ အခမ်းအနား မတ်လ ၉ ရက်မှာ ကျင်းပ...
- မိတ္ထီလာ အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတခုဆီ ရောက်နေတဲ့ အတင်းအကျပ် စစ်သားစုဆောင်းခံရသူ စစ်သားသစ်တဦးဟာ MA 1 သေနတ် တလက်နဲ့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းထံ ခိုလှုံ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment