မိုးဗြဲမှာ စစ်ကောင်စီ အထိနာ... နောင်ချိုမြို့ ဗုံးကြဲခံရ... နောက်ဆုံးရ သတင်းများ ...
၁၇ မတ် ၂၀၂၅
ရှမ်း-ကရင်နီ ဆက်စပ်ဒေသ မိုးဗြဲမြို့ မတ်လ ၁၅ ရက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး သေနတ် ၇ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ ရှမ်းတောင် စစ်ဒေသခွဲ၊ အမှတ် ၁ ဗျူဟာက သတင်းထုတ်ပြန်ပါတယ်။
တော်လှန်ရေး တပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီ တပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာက စပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒီထိုးစစ်ကို ရှမ်းတောင် စစ်ဒေသခွဲနဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ခုခံ တော်လှန်နေပြီး ၁၅ ရက်နေ့ တိုက်ပွဲမှာ တော်လှန်ရေးဘက်ကလည်း ရဲဘော်တဦး ကျဆုံးပါတယ်။
စစ်ကောင်စီ တပ်ဟာ တိုက်ပွဲနဲ့ မဆိုင်တဲ့ လူနေ ရပ်ကွက်တွေကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်တဲ့အတွက် အနည်းဆုံး နေအိမ် ၁၅ လုံး မီးလောင် ပျက်စီးတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- နေပြည်တော် အမြန်လမ်း ၁၀၁ မိုင် အနီးရှိ ဆင်ဇလုပ် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦး သေဆုံး...
- ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ် လမ်းပေါ်ရှိ တာကျိုး လမ်းဆုံမှာ စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေ၊ ၃ ဦး ဒဏ်ရာရ...
- ကျွန်းစုမြို့နယ်၊ ဝန်တောင် ကျေးရွာအနီး ပင်လယ်ပြင်မှာ စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေး တပ်တွေ ရင်ဆိုင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု ရှိနိုင် ...
- TNLA- ထိန်းချုပ်ဒေသ နောင်ချိုမြို့ကို စစ် လေယာဉ်က ဗုံးကြဲတဲ့အတွက် သံဃာ ၉ ပါး အပါအဝင် ဒေသခံ ၁၄ ဦး သေဆုံးပြီး ဒဏ်ရာရသူများ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment