Monday, March 10, 2025

ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီဒရုန်း KIA ပစ်ချ...လောင်းလုံးတိုက်ပွဲ စစ်က...


ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီဒရုန်း KIA ပစ်ချ...လောင်းလုံးတိုက်ပွဲ စစ်ကောင်စီအထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၁ မတ် ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော် မြို့သိမ်းတိုက်ပွဲ ပြန်လည် ပြင်းထန်လာပြီး စစ်ကောင်စီရဲ့ ဒရုန်း ၇ စင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ 7 Stars News က ဖော်ပြပါတယ်။

မတ်လ ၉ ရက်၊ ညနေပိုင်း စကခ ၂၁ အနီး တိုက်ပွဲမှာ ဒရုန်းတွေကို ပစ်ချနိုင်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဟာ လေယာဉ်နဲ့ ဒရုန်းတွေကို အားထားနေပြီး အခု ပစ်ချလိုက်တဲ့ ဒရုန်းတွေဟာ ညဘက်မှာပါ ကြည့်လို့ရတဲ့ Night Vision ပါတဲ့ ဒရုန်းတွေဖြစ်တယ်လို့ တော်လှန်ရေး ရဲဘော် တဦးက ပြောပါတယ်။

KIA ရဲ့ထိုးစစ်ဟာ စကခ ၂၁ ဝင်းထဲအထိရောက်နေပြီဖြစ်သလို မြို့ပြင်မှာ ကျန်နေတဲ့ ခလရ ၄၇ ကိုလည်း တပြိုင်တည်း သိမ်းဖို့ ပြင်နေတယ်လို့ ဆိုပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး KIA ပြောခွင့်ရကို ဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းပြန်ချက် မရသေးပါဘူး။

ဒါ့အပြင်...

- ကျောက်ဖြူမြို့နယ်၊ စနဲ မြို့က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် ဆေးရုံ ပျက်စီး...

- ကျွဲပွဲ မြို့နဲ့ ညောင်ခြေထောက် မြို့ကြား ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကျောက်တိုင် ကျေးရွာ စစ်ကောင်စီ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၅ ဦးသေ၊ သေနတ် ၆ လက် သိမ်းမိ...

- ဂျိုင်း တံတား ဖွင့်ပွဲ အခမ်းအနားဆီ ရောက်လာတဲ့ စစ်ကောင်စီအရာရှိတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ လုံခြုံရေး စစ်သား ၃ ဦး ဒဏ်ရာရ...

- လောင်းလုံး မြို့ပေါ်ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံးနဲ့ ‘စရဖ’ ရုံး တို့ကို တော်လှန်ရေးတပ်တွက ဝင်တိုက်ရာမှာ စစ်သားနဲ့ ရဲ ၁၀ ဦးကျော် သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More