ကသာတိုက်ပွဲ သုံ့ပန်း ၃၀ ခန့်ဖမ်းမိ... အောင်ဇေယျစစ်ကြာင်း အထိနာပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၈ မတ် ၂၀၂၅
စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကသာမြို့နယ်ဘက် စစ်ကြောင်ထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ၃၀ နီးပါး လက်ရဖမ်းမိ၊ လက်နက်များစွာ သိမ်းမိတယ်လို့ Kachin News Group KNG က ဖော်ပြပါတယ်။
ကသာမြို့အခြေစိုက် ခမရ ၃၀၉ က အင်အား ၁၅၀ ကျော် ပါတဲ့ စစ်ကြောင်းနဲ့ ဒေသခံ PDF ကာကွယ်ရေးတပ်တွေ မတ်လ ၁၅ နဲ့ ၁၆ မှာ နှစ် ရက်ဆက်ဆိုက် တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး စစ်ကောင်စီ တပ်ဘက်က အလောင်းတွေနဲ့ အတူ လက်နက်တွေ သိမ်းမိပြီး ၂၉ ဦးကို လက်ရဖမ်းမိတယ်၊ ၁၆ ရက် ညနေပိုင်းမှာ ဒဏ်ရာရ စစ်သားတွေနဲ့အတူ စစ်ကောင်စီတပ်ဟာ ခမရ ၃၀၉ တပ်ဝင်းထဲ ပြန်ဆုတ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ နေရာဟာ ခမရ ၃၀၉ နဲ့ ၄ မိုင်လောက်အကွာမှာရှိတဲ့ နတ်ရေတွင်း၊ ပင်းမလွတ် လမ်းဆုံနေရာတွေဖြစ်ပြီး ဒါဟာ ကသာမြို့ဝန်းကျင်မှာ အကြီးမားဆုံး တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင်...
- ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ စစ်သားအချို့ကို အာရက္ခတပ်တော် (AA) က ဖမ်းဆီးရမိထား...
- ကော့ကရိတ်ဘက်ကနေ မြဝတီ အာရှလမ်းပိုင်းဘက် ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျ စစ်ကြောင်းကို KNLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုများ...
- သရက်ချောင်း မြို့နယ်၊ ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရ...
- ဝမ်းတွင်းမြို့နယ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ကြပ် တဦးနဲ့ ခလရ ၂၅၃ က စစ်သားသစ် ၂ ဦး တံတားဦး မြို့နယ် ‘ပကဖ’ ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment