ကပစ ၆ ယာဉ်တန်းကို AA တိုက်ခိုက်... ဗန်းမော်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၄ မတ် ၂၀၂၅
ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ်၊ ညောင်ခြေတောက် ဘက်ကို စစ်ကူတက်လာတဲ့ ကပစ ၆ က ယာဉ်တန်းကို အာရက္ခတပ်တော် (AA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဘက်က အထိနာတယ်လို နိရဉ္စရာက ဖော်ပြပါတယ်။
မတ်လ ၂၂ မနက်ပိုင်းမှာ ကပစ ၆ ကနေ ထွက်လာတဲ့ စစ်ကား ၇ စီးပါ ယာဉ်တန်းကို ကြားဖြတ်တိုက်ရာမှာ စစ်ကား ၂ စီး မီးလောင်ပြီး စစ်သားအချို့ သေဆုံးတယ်လို့ ဒေသခံ တဦးကပြောပါတယ်။
လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နေရာဟာ ညောင်ကျိုးနဲ့ ညောင်ခြေတောက် ကြားရှိ ချင်းကုန်းရွာမှာလို့ ဆိုပါတယ်။ စစ်ကောင်စီ တပ်ဟာ မြေပြင်စစ်ကူအပြင် လေကြောင်းကနေလည်း ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်သာမက စက်တပ်လေထီးတွေနဲ့ပါ ပစ်ကူပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- ဗန်းမော်မြို့ရှိ စကခ ၂၁ နဲ့ ဗန်းမော်တက္ကသိုလ် ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား မတ်လ ၂၂ နဲ့ ၂၃ နှစ်ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်...
- ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့တွက် ဆရာဝန် မိသားစုနဲ့ လူနာ အပါဝင် ၁၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ...
- တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ ခမရ ၅၀၈ က တပ်သားတဦးဟာ MA 1 သေနတ် တလက်နဲ့အတူ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ထံ ဘက်ပြောင်းခိုလှုံလာ...
- တီးတိန် အခြေစိုက် ခလရ ၂၆၉ က ဒု-တပ်ကြပ် တဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ PDF- Zoland ထံ ဘက်ပြောင်းခိုလှုံလာ...
- မိုးကုတ်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI” ဗျူဟာရဲ့ အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် ၁ သင်တန်းဆင်းပွဲ ကျင်းပ...
- ရှမ်းတောင်နဲ့ ရှမ်းမြောက်အစပ် ကျောက်ဂူဒေသ အခြေစိုက် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA/DPLF) ကလည်း ရာနဲ့ချီတဲ့ တပ်သားသစ်တွေကို စစ်သင်တန်းပေးနေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment