Thursday, March 13, 2025

တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးစစ်လုပ်မယ်လို့ NUG ပြော... ဖလမ်းမှာ တိုက်ပ...


တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိုးစစ်လုပ်မယ်လို့ NUG ပြော... ဖလမ်းမှာ တိုက်ပွဲ ဆက်ပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၄ မတ် ၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့တွေ လက်တွဲပြီး အထွေထွေ ထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

အမှတ် ၁ စစ်ဒေသ နယ်မြေမှာ မတ်လ ၈ ရက်က ကျင်းပတဲ့ PDF တပ်မှူး သင်တန်းဆင်းပွဲ အခမ်းနားဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ အဲဒီလို ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ 

အဲဒီသင်တန်းကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းက PDF တပ်မှူးငယ် ၁၁၅ ဦး တက်ရောက်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မလှိုင်မြို့နယ်မှာ ပြည်သူတွေကို လက်နက်ပြ ပိုက်ဆံတောင်းနေတဲ့ ရဲ ၂ ဦးကို ဒေသခံ တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ရာမှာ ရဲတွေသေဆုံးပြီး လက်နက် ၂ လက်ရရှိ...

- ရန်ကုန်-မန္တလေး လမ်းပိုင်းတနေရာမှာ ဧရာဝတီ အမှတ် ၃ တပ်ရင်းက လမ်းလုံခြုံရေးအတွက် စစ်ဆေးမှုပြုလုပ်...

- ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်းကုန်းကို ချင်းညီနောင်အဖွဲ့က ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က ထွက်ပြေးတာ၊ သုံ့ပန်းဖမ်းမိတာတွေ ရှိနေ...

- တောင်ကုတ် တိုက်ပွဲမှာ  ထွက်ပြေးသွားတဲ့ စစ်ရှောင် ပြည်သူတွေကို အာရက္ခတပ်တော် AA က မြို့ထဲ ပြန်လာခွင့်ပေးနေပြီး လေကြောင်း အန္တရာယ်အတွက် ဗုံးခိုကျင်းပါ တူးထားဖို့ အသိပေး နှိုးဆော်နေ...

- လောင်းလုံးမြို့ အနီးရှိ လက်ခတ်တောင် တာဝါတိုင် စခန်းကို တော်လှန်ရေး တပ်တွေက ဝင်ရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်ဘက်က လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲ ပစ်ခတ်မှုရှိ...

- ပခုက္ကူမြို့နယ် အခြေစိုက် ခလရ ၂၃၅ က စစ်သား ၅ ဦးဟာ MA သေနတ် ၂ လက်၊ ခဲယမ်းတွေနဲ့ အတူ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းထံ ဘက်ပြောင်းခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

1 comments:

Ko HAK, what is the likelihood that China might ship all military supplies to support MAH even after AA successfully siezed the majority of the KaPaSa? I would like to hear U TSN’s opinion so could you please raise this question in next interview? Thanks!

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More