“ထောက်ပို့တွေ၊ အရင်းအမြစ်တွေကို ဖြတ်တောက်ရေးကလည်း စစ်ပွဲအတွက် အရေးကြီးတယ်”
- ဒေါက်တာ မီမီဝင်ဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)
(၁၁- ၃- ၂၀၂၅)
“ရှေ့တန်းက ရင်ဆိုင်တိုက်ပွဲအပြင် ထောက်ပို့တွေ၊ အရင်းအမြစ်တွေကို ဖြတ်တေက်ရေးကလည်း စစ်ပွဲတခုအနိုင်ရရေးအတွက် အရေးကြီးတဲ့ ဗျုဟာဖြစ်တယ်၊ Firepower ဘယ်လောက်ကောင်းကောင်း ဗျုဟာမကောင်းရင် စစ်မနိုင်ဘူး” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။
ရုရှားနဲ့ တရုတ်က တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ အဆင့်မြင့်လက်နက်တွေ စစ်ကောင်စီကို ကူညီပေးလိုက်တဲ့အတွက် လက်ရှိတိုက်ပွဲမှာ စစ်ကောင်စီဖက်က အသာစီး ပြန်ရလာနိုင်ခြေရှိသလား...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- သမ္မတပူတင်က မင်းအောင်လှိုင်ကို လက်နက်ဟောင်းတွေ ဝယ်သူအဖြစ် သဘောထား ဆက်ဆံနေတာလား...
- ရုရှားနဲ့ တရုတ်ရဲ့ အဆင့်မြင့်လက်နက်တွေက တိုက်တိုင်းရှုံးနေတဲ့ စစ်ကောင်စီတပ်သားတွေကို စိတ်ဓာတ်ပြန်တက်လာစေနိုင်သလား...
- ကပစ အပါဝင် စစ်ကောင်စီရဲ့ အထိက ထောက်ပို့နဲ့ အရင်းအမြစ်တွေကို ဘယ်လိုဗျုဟာတွေနဲ့ စနစ်တကျ တိုက်ခိုက်ဖို့လိုအပ်နေသလဲ...
- KIA နဲ့ TNLA ကြားက ပွတ်တိုက်မှုကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းရေးက တော်လှန်ရေးအတွက် ဘာကြောင့်အရေးကြီးသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(စစ်ကောင်စီကပြောလိုက်တဲ့ ရွေးကောက်ပွဲရက်မတိုင်မီ တော်လှန်ရေးတပ်တွေ နေပြည်တော်အထိ ချီတက်နိုင်ခြေရှိသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတာ့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
BNN- သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment