Sunday, March 2, 2025

“အစိုးရဆိုတဲ့လူတွေက နည်းနည်းပါးပါး ဝင်ပြောပေးဖို့လိုတယ်”


“အစိုးရဆိုတဲ့လူတွေက နည်းနည်းပါးပါး ဝင်ပြောပေးဖို့လိုတယ်”

ဦးထူးချစ် (Foundation for Education and Development - FED)

(၂-၃-၂၀၂၅)

“ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အဖမ်းခံနေရတဲ့အပေါ် အစိုးရတာဝန်ယူထားသူတွေက တစုံတရာဝင်ရောက် တာဝန်ယူပေးဖို့လိုတယ်။ အလုပ်သမားတွေဆီက ငွေကောက်ဖို့လောက်ပဲ စိတ်ဝင်စားပြီး တာဝန်ယူမှုမရှိရင် အလုပ်မဖြစ်ဘူး” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှုး ဦးထူးချစ်က ပြောပါတယ်။

ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားသားတွေကို ထိုင်းအာဏာပိုင်တွေက စီစစ်ရာမှာ မြန်မာအလုပ်သမားတွေ ကြားညှပ်အဖမ်းခံရမှုတိုးလာနေတာ၊ နေရပ်ပြန်ပို့ရင် စစ်တပ်ထဲ အသွင်းခံရတာ... စတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ထိုင်းရောက် မြန်မာတွေအဖမ်းခံရမှု ဘယ်လောက်အထိ အခြေအနေဆိုးနေသလဲ...

- ထိုင်းကပြန်ပို့တဲ့ အလုပ်သမားလူငယ်တွေကို ဖမ်းဆီးပြီး တပ်ထဲ အတင်းသွင်းနေတာ ဘယ်လောက်များနေပြီလဲ...

- ဆရာ-ဆရာမတွေ အဖမ်းခံရမှုက ကလေးငယ်တွေ ပညာရေးအတွက် အနှောက်အယှက်ဖြစ်လာနေပြီလား...

- ကျားဖြန့်အရေးက မြန်မာအလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလား...

- ဖမ်းဆီးမှု သက်သာအောင် ဘယ်လိုပူူးပေါင်းကာကွယ်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More