Wednesday, March 5, 2025

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျောက်ဖြူကို AA က ဆက်ထိုးစစ်ဆင်...


မိုးဗြဲတိုက်ပွဲ စစ်ကောင်စီ အထိနာ... ကျောက်ဖြူကို AA က ဆက်ထိုးစစ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၆ မတ် ၂၀၂၅

ရှမ်း-ကရင်နီ ဆက်စပ်ဒေသ မိုးဗြဲ တိုက်ပွဲမှာ စစ်ကောင်စီ တပ်သား အလောင်း ၁၂ လောင်း တွေ့ရပြီး လက်နက် ၇ လက် သိမ်းမိတယ်လို့ အမှတ် ၁၀၀၁ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူ၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အတူ မြေပြင်ထိုးစစ် ဝင်လာစဉ် ဖေဖော်ဝါရီ ၂၇ မှာ တိုက်ပွဲမှာ ဒီလိုသေဆုံး၊ လက်နက်ရရှိတာဖြစ်ပါတယ်။

တာ်လှန်ရေးတပ်တွေဘက်ကလည်း ပေးဆပ်မှုအချို့ ရှိခဲ့ပြီး မိုးဗြဲမြို့ စစ်ကောင်စီ 
လက်အောက် ပြန်မကျရေးအတွက် တော်လှန်ရေး တပ်ပေါင်းစုဘက်က ခုခံတိုက်ခိုက်နေတယ်၊ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ကျောက်ဖြူမြို့ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်ဘက်ကို အာရက္ခတပ်တော် (AA) က ဆက်လက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်က အင်အား ၃၀၀ ခန့်နဲ့ အပြင်းအထန် ခုခံနေ...

- မုံရွာ (နမခ) ကနေ ထွက်လာတဲ့ စစ်ကား ၆ စီးကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သားတွေ သေဆုံးမှုရှိ...

- ရေစကြိုနဲ့ မြောင်မြို့နယ် ဆက်စပဒေသကို စစ်ကြောင်းထိုးလာတဲ့ တပ်ထဲက စစ်သားတဦးကို လက်နက်နဲ့ အတူ လက်ရဖမ်းမိ...

- စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံရပြီး တပ်ထဲရောက်သွားတဲ့ စစ်သားသစ် ၆ ဦး ခဲယမ်းအချို့နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာ...

- ABSDF ကျောင်းသားတပ်မတော်၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပကဖ တို့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More