စစ်ကောင်စီက ဗုံးဆက်ကြဲနေ... အလှူရှင်နိုင်ငံတွေက စစ်ကောင်စီကို ဖိအားပေးဖို့ NUG တောင်းဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁ ဧပြီ ၂၀၂၅
နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ကြုံနေရချိန်မှာ အပစ်အခတ် ရပ်စဲထားဖို့ နိုင်ငံတကာက တောင်းဆိုနေပေမယ့် စစ်တပ်က လေကြောင်းအပြင် မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ Kachin News Group KNG က ဖော်ပြပါတယ်။
စစ်ကောင်စီ တပ်ဟာ ဗန်းမော်ကို ဗုံးကြဲတယ်၊ KIA တပ်မဟာ ၉ ဘက်မှာလည်း ဗုံးကြဲတယ်၊ ဝိုင်းမော်မှာဆိုရင် လေကြောင်းရော၊ မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ပြောတာကို ကိုးကားဖော်ပြပါတယ်။
KIO ဗဟိုကတော့ သဘာဝဘေးဒဏ် ခံစားနေရတဲ့ ပြည်သူများနဲ့ ထပ်တူ ဝမ်းနည်းကြောင်း၊ မြေငလျင်ဘေးဒဏ်သင့် ဒေသများကို KIO တပ်ဖွဲ့ဝင်များ သွားရောက် အကူအညီပေးဖို့ အခက်အခဲများ ရှိနေသော်လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်နေကြတဲ့ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ လာရောက် ကူညီနေကြတဲ့ အဖွဲ့အစည်း အားလုံးကို အထူး လေးစား ကျေးဇူးတင်ပါတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်...
- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်း ကျေးရွာကို မတ်လ ၃၁၊ မနက် ၁၁ နာရီမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ထိခိုက်ပျက်စီးမှုရှိ...
- ကျောက်ဖြူမြို့နယ် ကုလဘာကျေးရွာကိုလည်း မတ်လ ၃၀၊ ည ၇ နာရီခန့်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ်အချို့ထိခိုက်ပျက်စီး...
- ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်၊ တော်ခူ ကျေးရွာအုပ်စုနဲ့ ကရင်ပြည်နယ် ကျိုက်ထို မြို့နယ်၊ ခရွဲ ကျေးရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ ပြုလုပ်နေ...
- စစ်ကောင်စီဘက်က ထိုးစစ်မရပ်ဘဲ ဗုံးကြဲနေမှုအပေါ် အလှူရှင်နိုင်ငံတွေက ဖိအားပေးဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က တိုက်တွန်း...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment