Thursday, March 20, 2025

လေးမျက်နှာတိုက်ပွဲ စစ်ကောင်စီ အထိနာ... ထီးလင်းမြို့နယ်ကို စစ်လေယာဉ် ဗုံး...


လေးမျက်နှာတိုက်ပွဲ စစ်ကောင်စီ အထိနာ... ထီးလင်းမြို့နယ်ကို စစ်လေယာဉ် ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၁ မတ် ၂၀၂၅

ဧရာဝတီတိုင်း၊ ရေကြည်၊ ငသိုင်းချောင်းနဲ့ လေးမျက်နှာ စတဲ့ သုံးမြို့နယ်မှာ အာရက္ခတပ်တော် ဦးဆောင်တဲ့ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် အကြား တိုက်ပွဲပြင်းထန်လာတဲ့အတွက် စစ်ဘေးရှောင်သူ တိုးလာနေတယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။

မတ်လ ၁၉ ရက်မှာ အမှတ် ၃၄၄ အမြောက်တပ် အနီးရှိ တုံးတောကျေးရွာနဲ့ ပန်းတောကြီး ကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တယ်၊ လေးမျက်နှာမြို့နယ်၊ အောင်ဇံကွင်း ကျေးရွာနဲ့ ကျားအောင်း တောင်ပေါ်မှာလည်း တိုက်ပွဲဖြစ်တယ်၊ ဒါကြောင့် အဲဒီရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသတွင်း မီဒီယာတခုဖြစ်တဲ့ ဧရာဝတီတိုင်းမ် ကတော့ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူတွေ ရာနဲ့ချီရှိနေပြီး အလောင်းနဲ့ ဒဏ်ရာရသူတွေကို ပုသိမ်ဘက် ပို့နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဖလမ်းမြို့ သိမ်းတိုက်ပွဲမှာ ခလရ ၂၆၈ က တပ်ရင်းမှူး သေဆုံးသွားပြီလို့ သတင်းထွက်ပေါ်နေ...

- ထီးလင်းမြိုနယ်၊ အလယ်ဘန်း ကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ဒေသခံ ၄ ဦးသေ၊ ၃၀ ဦးခန့် ဒဏ်ရာရပြီး နေအိမ် ၄၀ ခန့်ပျက်စီး...

- ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီဘက်က သေဆုံးမှုရှိနိုင်...

- ထားဝယ်မြို့နယ်၊ နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်သားတွေ ဈေးဝယ်ထွက်ချိန်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၃ ဦး သေပြီး လက်နက် ၃ လက် သိမ်းမိ...

- မိုးကုတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပတ်စဉ် ၅ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More