Monday, March 3, 2025

သီတာယုမွန် ပျုစောထီးအဖွဲ့ကို PDF တိုက်ခိုက်... ပူလူတူစခန်းကို KNLA သိမ်...


သီတာယုမွန် ပျုစောထီးအဖွဲ့ကို PDF တိုက်ခိုက်...  ပူလူတူစခန်းကို KNLA သိမ်းပိုက်ဟု သတင်းထွက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃ မတ် ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ် ကျေးရွာဘက် ရောက်လာတဲ့ ပျူစောထီး ခေါင်းဆောင် သီတာယုမွန် ဦးဆောင်တဲ့ အင်အား ၅၀ ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ပျူစောထီးဘက်က ထိခိုက် သေဆုံးမှု များတယ်လို့ နဂါးနီပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁ ရက်၊ မနက် ၈ နာရီခွဲမှာ တိုက်ပွဲ စဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က သံချပ်ကား ၂ စီး စစ်ကူရောက်လာတဲ့အပြင် လေကြောင်းပစ်ကူလည်း ပေးတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံ မြို့နယ် မဟာမိတ်တပ်တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- (TNLA) ထိန်းချုပ်ဒေသ ကျောက်မဲမြို့ ၂ မိုင်ကုန်း ရပ်ကွက်ရှိ ၅၀၁ တပ်ရင်းဟောင်းနေရာကို စစ်လေယာဉ်က ဒီနေ့ မနက် ၁၀ နာရီမှာ ဗုံးကြဲတိုက်ခိုက်...

- ပဒါန်းမြို့နယ်၊ ညောင်ကျိုးစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီ ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း အပါအဝင် ဒါဇင်နဲ့ချီ သေဆုံး...

- နောင်ချိုမြို့နယ် တောင်ခမ်းနဲ့ တောင်ရှည်ဘက်မှာ စစ်ကောင်စီနဲ့ TNLA ကြား တိုက်ပွဲပြန်ဖြစ်နေ...

- ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီး ကျေးရွာရှိ စစ်တပ်နဲ့ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ပျူစောထီး ၃ ဦးသေ၊ ၃ ဦးဒဏ်ရာရပြီ သေနက် တလက် သိမ်းမိ...

- ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ ပေကြီးရွာ အခြေစိုက် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုရှိ...

- ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ စစ်ကောင်စီရဲ့ ပူလူတူ တပ်စခန်းကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၂ ရက် ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်...

- ဘောလခဲ အခြေစိုက် ခမရ ၄၂၉ က တပ်သားတဦး MA-1 သေနတ် တလက်နဲ့ အတူ Loikaw Local PDF ထံ ဘက်ပြောင်းခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More