ညောင်ကျိုးစခန်းကို AA သိမ်းပိုက်... ပူလူတူစခန်းကို KNLA သိမ်းပိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၅ မတ် ၂၀၂၅
ရခိုင်-ပဲခူး ဆက်စပ်ဒေသ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးစခန်းကို ၂ လနီးပါး တိုက်ခိုက်ပြီးနောက် အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ Western News က ဖော်ပြပါတယ်။
မတ်လ ၁၁ ရက်မှာ စစ်ကောင်စီ တပ်တွေ စတင် ဆုတ်ခွာပြီး ညောင်ခြေတောက်နဲ့ ဥသျှစ်ပင် ဘက်ကို ဦးတည် ဆုတ်ခွါသွားပေမယ့် ညောင်ခြေတောက် မရောက်ခင် ချင်းကုန်းစခန်းကနေ ပြန်ပြီး ခုခံနိုင်ခြေရှိတယ်လို့ စစ်ဘက်သတင်းရပ်ကွက်တွေက ဆိုပါတယ်။
ညောင်ကျိုး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရာနဲ့ချီ သေဆုံး ဒဏ်ရာရပြီး လက်နက်များစွာ AA က သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။ AA ဘက်ကတော့ ညောင်ကျိုး စခန်း သိမ်းတာနဲ့ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။
ညောင်ကျိုးဟာ ပဲခူးတိုင်းအတွင်း AA သိမ်းတဲ့ ဒုတိယ စခန်းဖြစ်ပြီး ပထမ စခန်းကတော့ ဇန်နဝါရီ ၂၆ က သိမ်းခဲ့တဲ့ မိုးထိတောင်ဖြစ်ပါတယ်။
ဒါ့အပြင်...
- ဖားကန့်မြို့နယ်၊ ဝါရာဇွပ် ကျေးရွာကနေ ရှဒူးဇွပ် ကျေးရွာဘက် ချီတက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို ကချင် လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ် တိုက်ခိုက်ရာမှာ ၁၀ ဦးကျော် သေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ...
- နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာမှာ စစ်ကောင်စီ တပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အဆိပ်ငွေ့လို့ ယူဆရတဲ့ ဗုံးတွေကို အသုံးပြု တိုက်ခိုက်နေ...
- စဉ့်ကူးမြို့နယ်၊ လက်ပံလှ ကျေးရွာ ဈေးဆိုင်တန်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ် ၆ ဦးအပါအဝင် ဒေသခံပြည်သူ ၂၇ ဦး သေဆုံး၊ ၃၀ ဝန်းကျင် ဒဏ်ရာရ...
- ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းရှိ ပူလူတူစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ပြီး လက်နက်များစွာရရှိ...
- ရေးမြို့ အခြေစိုက်၊ ခလရ ၁၉ က တပ်ကြပ်ကြီးတဦး အပါအဝင် စစ်သား ၆ ဦးဟာ MA3 သေနတ် တလက်၊ ခဲယမ်းတွေနဲ့ အတူ ရေဘီးလူးအဖွဲ့က ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment