ညောင်ကျိုးစခန်းက စစ်သားတွေ ထွက်ပြေး... ဖလမ်း ခလရ၂၆၈ ကို ချင်းညီနောင်အဖွဲ့က သိမ်းဖို့ပြင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၃ မတ် ၂၀၂၅
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးစခန်းကို အာရက္ခတပ်တော် AA က အပြင်းအထန် တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်တွေ ညောင်ကျိုးကနေ ဥသျှစ်ပင်မြို့ဘက် ဆုတ်ခွာထွက်ပြေးနေတယ်လို့ Western News က ဖော်ပြပါတယ်။
ညောင်ကျိုးမှာ သေဆုံးသူ၊ ဒဏ်ရာရသူ အလွန်များပြီး ဒဏ်ရာရသူတွေကို ပြည်မြို့အထိ သယ်သွားပြီး ဆေးကုပေးနေတယ် … ဆေးရုံမှာ ကုတင် မလောက်တဲ့အတွက် ပြည် ‘ဒကစ’ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် နဲ့ မြို့တော်ခန်းမမှာတောင် အရေးပေါ် ကုတင်တွေ ချပြီး ကုသပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
AA နဲ့ မဟာမိတ်တပ်တွေဟာ အခုဆိုရင် ညောင်ကျိုးကနေ ညောင်ခြေတောက်နဲ့ ဥသျှစ်ပင်မြို့အနီးထိ ရောက်လာနေပြီး ‘ကပစ’ ကာကွယ်ရေးပစ္စည်းစက်ရုံ တွေနဲ့ တဖြည်းဖြည်း နီးလာနေပြီလို့ လည်း စစ်ဖက်သတင်းရပ်ကွက်တွေက ပြောပါတယ်။
စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုနိုင် ကတော့ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ အရေးကြီးတဲ့ အဆင့်တခုဆီ ရောက်လာနေပြီ၊ AA နဲ့ NUG ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို နောက်တဆင့်မြှင့်နိုင်ရင် ရှေ့တဆင့် ထိုးစစ်ကို တက်လှမ်းနိုင်မှာ သေချာတယ်လို့ ထောက်ပြပြောဆိုပါတယ်။
စစ်ကောင်စီဖက်ကတော့ ပြည်မြို့ကနေ စစ်ကူတွေ ထပ်ပို့နေပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ညောင်ခြေတောက် ဘက်ကနေ အပြင်းအထန် ခုခံနေတယ်လို့ သိရပါတယ်။
ဒါ့အပြင်...
- နတ်ရေကန် ဗျူဟာ စခန်းကို အာရက္ခတပ်တော် AA က အပြင်းအထန် တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီရဲ့ ဗျူဟာမှူးအပါအဝင် အရာရှိတချို့ ဆုတ်ခွာထွက်ပြေးနေ...
- ဖလမ်းမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး နောက်ဆုံး ကျန်နေတဲ့ ခလရ၂၆၈ တပ်ရင်းကုန်းကို သိမ်းနိုင်ရေး ချင်းညီနောင်အဖွဲ့က စစ်ရှိန်မြှင့်နေ...
- တပ်မ ၃၃ နဲ့ ပုလဲ မြို့စောင့်တပ်က စစ်သား ၃ ဦး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ ဘက်ပြောင်း ခိုလှုံ...
- ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီး ကျေးရွာက ပျူစောထီးတဦး ကာဘိုင် သေနတ် တလက်နဲ့အတူ ရွှေဘိုမြို့နယ် ‘ပကဖ’ ထံ ဘက်ပြောင်းခိုလှုံ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment