Tuesday, March 4, 2025

ဓညဝတီ ရေတပ်အနီးအထိ AA ထိုးစစ်ရောက်လာ... ကျောက်ကြီးတိုက်ပွဲ စစ်ကောင်စီ အ...


ဓညဝတီ ရေတပ်အနီးအထိ AA ထိုးစစ်ရောက်လာ...  ကျောက်ကြီးတိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၅ မတ် ၂၀၂၅

တရုတ် စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီ ရေတပ် ဌာနချုပ်နဲ့ အမှတ် ၃၂ ရဲတပ်ရင်း ဝန်းကျင်ရှိ သစ်ပုတ်တောင် ဘက်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်လာပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။

ရေတပ် ဌာနချုပ်ဘက်ကိုသွားတဲ့ လမ်းတလျှောက်ရှိ စည်မော်၊ ကြတ္တိန်၊ ရှောက်ချောင်းနဲ့ စိုင်ခြုံရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အပြင် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ်လို့ ထောင်နဲ့ချီတဲ့ ဒေသခံလူထု ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

မတ်လ ၁ ရက်ကနေ ၄ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး အဲဒီကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေကို AA က သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်နေပါတယ်။ AA ကတော့ ကျောက်ဖြူတိုက်ပွဲအကြောင်း သတင်းမထုတ်ပြန်သေးပါဘူး။

ဒါ့အပြင်...

- ကန့်ဘလူမြို့နယ်၊ ဇီးကုန်းသကြားစက်ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူပေါင်းတပ်ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာမှာ သေဆုံးမှုရှိပြီး Faw ကားတစီးကို ဖျက်ဆီးနိုင်ခဲ့...

- ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မ လမ်းပေါ်ရှိ၊ ညောင်ဂျစ်ပင် ကျေးရွာဘက် ထွက်လာတဲ့ စစ်ကောင်စီ တပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သားတဦး သေဆုံး...

- ကျောက်ကြီးမြို့နယ်၊ ‌တောင်စု ကျေးရွာနဲ့ တမာခေါ ကျေးရွာရှိ စစ်ကောင်စီ စခန်း ၃ ခုကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၆ ဦး သေပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိ...

- ကရင်နီပြည်၊ ဖားဆောင်း၊ ဘောလခဲ၊ လွိုင်ကော်နဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီ တပ်ဘက်က ၇ ဦးသေဆုံး၊ ၇ ဦး ဘက်ပြောင်းခိုလှုံ၊ ၈ ဦးလက်နက်ချ၊ ၆၀ မမ စိန်ပြောင်း အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရမိ...

- အတင်းအကျပ် စစ်သားစုဆောင်းခံရပြီး တပ်ထဲရောက်သွားတဲ့ စစ်သားသစ် ၃ ဦး MA1 ၃ လက်နဲ့အတူ ယင်းမာပင်မြို့နယ် ပကဖ လက်အောက်ခံ ULF စစ်ကြောင်းထံ ဘက်ပြောင်းခိုလှုံ...

-  ခလရ ၂၈ က အသက် ၁၉  နှစ်အရွယ်တဦး အပါအဝင် စစ်သားသစ် ၂ ဦး သထုံခရိုင်အခြေစိုက် KNLA တပ်ရင်း ၂ ထံ၊ MA-1 ၂ လက်နဲ့အတူ အလင်းဝင်လာ...

- ဘားအံရှိ အမှတ် ၁၅၁ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်) က တပ်သားတဦး ခဲယမ်းအချိုု့နဲ့အတူ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံလာ...

- ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သားနဲ့ ရဲသား ၆၄ ဦး ဖေဖော်ဝါရီ တလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို (NUG) က စာရင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More