Wednesday, March 5, 2025

“ရုရှားဆီက လက်နက်တွေ ဘယ်လောက်ဝယ်ဝယ် ဒီစစ်တပ်ကို စိတ်ဓာတ်ပြန်မြှင့်ဖို့ကတ...


“ရုရှားဆီက လက်နက်တွေ ဘယ်လောက်ဝယ်ဝယ် ဒီစစ်တပ်ကို စိတ်ဓာတ်ပြန်မြှင့်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၅- ၃- ၂၀၂၅)

“ရုရှားနိုင်ငံဆီကနေ လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ဝယ်ဝယ် တိုက်တိုင်းရှုံးနေတဲ့ စစ်တပ်ကို စိတ်ဓာတ်ပြန်တက်လာအောင်လုပ်ဖို့ ချက်ခြင်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

ရုရှားနိုင်ငံဆီ အလည်ပတ်ရောက်နေတဲ့ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်က တိုက်တိုင်းရှုံးနေတဲ့ စစ်သားတွေကို စိတ်ဓာတ်တစုံတရာ ပြန်တက်လာနိုင်စေနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မင်းအောင်လှိုင်နဲ့ ပူတင်ဟာ ဗျာဒိတ်တော်လာ မဟာမိတ်တွေဆိုတာကို လူတွေက ဘာကြောင့် ဟာသ လုပ်နေကြတာလဲ...

- မေလမှာကျင်းပမယ့် ရုရှားရဲ့ အောင်ပွဲခံအခမ်းအနားဆီ စစ်ကောင်စီ ဂုဏ်ပြုတပ် ပို့ပေးမှာလား...

- ဒီခရီးစဉ်က စစ်ရှုံးစစ်သားတွေကို မျှော်လင့်ချက်ရောင်ချည် တစုံတရာ ပေးကမ်းနိုင်မလား...

-  မြန်မာစစ်တပ်မှာ ရုရှားထုတ်စစ်ပစ္စည်း ဘာလောက်များများ သုံးစွဲနေသလဲ...

- တော်လှန်ရေးဖက်က အသာစီးရနေတဲ့ ဒရုန်းတိုက်ပွဲကို စစ်ကောင်စီက ကောင်တာပြန်လိုပ်ဖို့ကြိုးစားနေသလား...

- ကပစ တွေကို ဖြိုနိင်ရင် ရုရှား-တရုတ်ဆီက အကူအညီရလည်း နေပြည်တော်က ကျမှပဲ လို့ ဘာကြောင့် ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More