Saturday, March 1, 2025

“စီးပွားရေးအကျိုးအမြတ်ထက် လုံခြုံရေးအရ စဉ်းစားတဲ့ စီမံကိန်းလို့မြင်တယ်”


“စီးပွားရေးအကျိုးအမြတ်ထက် လုံခြုံရေးအရ စဉ်းစားတဲ့ စီမံကိန်းလို့မြင်တယ်”

- ဦးဝင်းမျိုးသူ (Visiting scholar - The George Washington University)

(၁- ၃- ၂၀၂၅)

“ရုရှားကဝင်ရောက်ဆောင်ရွက်မယ်ဆိုတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံစီမံကိန်းတွေဟာ စီးပွားရေးအကျိုးအမြတ်ထက် လုံခြုံရေးအရ စဉ်းစားချက်က ပိုကဲမယ်ထင်တယ်” လို့ George Washington တက္ကသိုလ်က ဧည့်ပါမောက္ခ ဦးဝင်းမျိုးသူက ပြောပါတယ်။

၁၀ နှစ်ကျော်ကြာတဲ့အထိ ရှေ့မဆက်နိုင်ဖြစ်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်မယ်ဆိုပြီး ဖေဖေါ်ဝါရီ ၂၃ က နေပြည်တော်မှာ လက်မှတ်ထိုးလိုက်တာနဲ့ပတ်သက်လို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ထားဝယ်ဒေသဆီ ရုရှားဝင်လာခြင်းက အားလုံးကို အံ့အားသင့်စေသလား...

- ရုရှားက ဆက်လုပ်မယ်ဆိုရင် ထားဝယ်-ကန်ချနပူရီလမ်းက မလိုအပ်တော့ဘူးလား...

- ဒီစီမံကိန်းက ရုရှားအတွက် အကျိုးရှိမှာလား- စစ်ကောင်စီကို အကျိုးှရှိစေမှာလား... လက်တွေ ဖြစ်နိုင်ခြေက ဘယ်လောက်အလားအလာရှိသလဲ...

- မူလ စီမံကိန်းကိုစတင်ဆောင်ရွက်တဲ့ ထိုင်းနိုင်ငံ ကော့သောင်းမြို့အောက်ဖက် ချွန်ဖုံဖက်မှာ သီးခြား စီမံကိန်း လုပ်ဖို့ပြင်နေပြီလား...

- ပြည်တွင်းစစ်ဖြစ်နေချိန်မှာ ရုရှားလို လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင် နိုင်ငံကြီးတခုက ဘာကြောင့် မြန်မာနိုင်ငံဆီ ဝင်လာရတာလဲ...

- အခုရက်ပိုင်း မင်းအောင်လှိုင် ရုရှားသွားမယ့်ခရီးစဉ်က ဒီစီမံကိန်းနဲ့ ဆက်စပ်မှုရှိနိုင်သလား...

- အမေရိကန်သမ္မတ ထရမ့်က ကယ်ထုတ်မယ့် လူဆိုးစာရင်းမှာ ပူတင်နဲ့အတူ မင်းအောင်လှိုင်ပါ ပါသွားနိုင်သလား...

- ဒီ စီမံကိန်းအပေါ် ဒေသခံ လူထုက ဘယ်လိုတုန့်ပြန်ကြမှာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More