ရေကြည်မြို့နယ်မှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲပြင်းထန်... တောင်ခမ်းဒေသကို TNLA က ဆက်လက်ပိတ်ဆို့ထား... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၈ မတ် ၂၀၂၅
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တိုက်ပွဲပြင်းထန်နေတယ်လို့ Western News က ဖော်ပြပါတယ်။
AA နဲ့ ပူးပေါင်းတပ်တွေ ရှိမယ်ထင်ရတဲ့ နေရာတွေကို စစ်ကောင်စီ တပ်က တန်ပြန် ထိုးစစ် ဆင်လာတဲ့အတွက် ဒီလ ၇ ရက်မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်အပြင် စက်တပ်လေထီးတွေပါ အသုံးပြု တိုက်ခိုက်နေတယ်လို့လည်း ဖော်ပြပါတယ်။
ရေကြည်နဲ့ ဆက်စပ်နေတဲ့ သာပေါင်းမြို့နယ်က သဲဖြူရွာအနီးရှိ စစ်တပ်ရဲ့ ကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ မတ်လ ၂ ရက်မှာ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က အခုလို တန်ပြန် ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။
AA ဟာ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်း ဆက်စပ်ဒေသ စစ်ကောင်စီခစန်းတွေကို သိမ်းပိုက်နေသလို စစ်တွေနဲ့ ကျောက်ဖြူမြို့ကိုလည်း တပြိုင်တည်း တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- သာပေါင်းမြို့အထိ တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် အရင် ဂွ တိုက်ပွဲဖြစ်စဉ်က ဂွ ကနေ သာပေါင်း သစ်ထုတ်လုပ်ရေးစခန်းဆီ ပြောင်းရွှေ့ထားရတဲ့ သစ်ဆွဲဆင်တွေကို သာပေါင်းကနေ မအူပင်ဘက်အထိ ထပ်မံ ပြောင်းရွှေ့နေ...
- နောင်ချိုနဲ့ ပြင်ဦးလွင်ကြားရှိ တောင်ခမ်းနဲ့ အုမ္မတီး ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ (TNLA) တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ...
- ပြီးခဲ့တဲ့နှစ် မတ်လ ၇ ရက်မှာ စတင်ခဲ့တဲ့ စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး စစ်ဆင်ရေး တနှစ်တာအတွင်း မြို့ပေါင်း ၁၃ မြို့နဲ့ စစ်စခန်း အများအပြားကို (KIA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့...
- ရေစကြိုမြို့နယ် အခြေစိုက် ခလရ ၂၅၈ က အသက် ၂၃ နှစ်အရွယ် စစ်သားသစ် တဦး MA1 သေနတ် တလက်နဲ့ အတူ ရေစကြို မြို့နယ် ‘ပကဖ’ ထံ ခိုလှုံ...
- တပ်မ ၆၆ လက်အောက်ခံ၊ ခလရ ၁ က တပ်သားသစ် ၂ ဦး MA3 သေနတ် တလက်နဲ့ အတူ နေပြည်တော်တိုင်း စစ်ဌာန၊ တပ်ရင်း ၉၀၁ ထံ ခိုလှုံ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment