ငလျင်ဘေး ကူညီရေးအတွက် သီတင်း ၂ ပတ် အပစ်ရပ်တယ်လို့ NUG ကြေညာ... စစ်တပ်က နောင်ချိုကို ဗုံးထပ်ကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၃၀ မတ် ၂၀၂၅
လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ငလျင်ဒဏ် သင့် ဒေသတွေနဲ့ ဆက်စပ် ခရိုင်တွေမှာ ခုခံကာကွယ်စစ်က လွဲလို့ ထိုးစစ်အားလုံးကို ရက်သတ္တ နှစ်ပတ် (မတ် ၃၀ ကနေ ဧပြီ ၁၂ အထိ) ရပ်ထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ညွန်ကြားချက် ထုတ်ပြန်ပါတယ်။
လူသားချင်း စာနာမှုအတွက် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေအတွက် လိုအပ်တဲ့ အကူအညီနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးရမယ်လို့လည်း ဆိုထားပါတယ်။
မတ်လ ၂၉ မှာ ထုတ်ပြန်ထားတဲ့ အထူးညွန်ကြားချက် (၂/၂၀၂၅)ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ညွန်ကြားထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ဒေသရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို တော်လှန်ရေးရဲဘော်တွေက ကူညီကယ်ဆယ်ရေးဆောင်ရွက်...
- ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေအတွက် အထူးဝမ်းနည်းကြောင်း၊ လူသားချင်းစာနာမှုကို အတတ်နိုင်ဆုံးကူညီသွားမှာဖြစ်ကြောင်း မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA, TNLA နဲ့ AA တို့က ပြောကြား...
- ငလျင်ဒဏ်သင့် ပြည်သူတွေကို အားလုံးက ဝိုင်းကူနေချိန်မှာ စစ်ကောင်စီ တိုက်လေယာဉ်က နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာကို ဗုံးကြဲ...
- အရပ်သား ဟန်ဆောင်ပြီး တနင်္သာရီမြို့ကနေ ရန်ကုန်မြို့ဆီ ထွက်ပြေးတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းမှူးကို တော်လှန်ရေးတပ်တွက ဖမ်းဆီးမိ...
- ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာက ပြည်သူ့စစ်တဦးဟာ ကာဘိုင်တလက်နဲ့ အတူ မတ်လ ၂၇ မှာ တောင်သူဦးကြီးများအဖွဲ့ PDF ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment