Thursday, March 13, 2025

“နွေဦးတော်လှန်ရေးရဲ့ ထိုးစစ် ရှေ့တဆင့်တက်လာတာကို မကြာခင် မြင်ရဖို့ မျှော...


“နွေဦးတော်လှန်ရေးရဲ့ ထိုးစစ် ရှေ့တဆင့်တက်လာတာကို မကြာခင် မြင်ရဖို့ မျှော်လင့်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၃- ၃- ၂၀၂၅)

“AA နဲ့ PDF ၊ KIA နဲ့ PDF ပူးပေါင်းဆောင်ရွက်မှု အားကားလာခြင်းကနေ နွေဦးတော်လှန်ရေးရဲ့ ထိုးစစ် ရှေ့တဆင့်တက်လာတာကို မကြာခင် မြင်ရဖို့ မျှော်လင့်ထားတယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ရခိုင်-ပဲခူး အစပ်ရှိ ညောင်ကျိုးစခန်းကို AA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီးနောက် နွေဦးတော်လှန်ရေးရဲ့အရှိန်အဟုန် ဘယ်လောက်အထိ မြင့်တက်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- AA နဲ့ PDF ပူးပေါင်းတပ်တွေက ညောင်ကျိုးစခန်းကိုသိမ်းပြီးရင် ကပစ တွေကို သိမ်းနိုင်တဲ့အထိ ဆက်တိုက် ဖြစ်လာနိုင်သလား...

- AA နဲ့ PDF ပူးပေါင်းတပ်တွေက မကွေးတိုင်းကို ၃ လအတွင်း သိမ်းနိုင်တယ်ဆိုတဲ့သတင်းတွေက ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိသလဲ...

- AA က မကွေး၊ KIA က စစ်ကိုင်းတိုင်းအတွင်း ထိုးဆင်းရေးဆိုတဲ့ ပြောဆိုမှုတွေ တကယ်ဖြစ်လာနေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More