Monday, February 26, 2024

“ရမ်းဗြဲတိုက်ပွဲမှာ စစ်ကောင်စီ ၂၀ ကျော်၊ ဟိုပုံးမှာ ၂၀ နီးပါးနဲ့ ကော့ကရိ...


“ရမ်းဗြဲတိုက်ပွဲမှာ စစ်ကောင်စီ ၂၀ ကျော်၊ ဟိုပုံးမှာ ၂၀ နီးပါးနဲ့ ကော့ကရိတ်မှာ ၃၀ ကျော် ချေမှုန်းခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၇- ၂- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ရဲ့ နေရာအများစုကို သိမ်းပိုက်ထားပြီး၊ တခုလုံးသိမ်းနိုင်အောင် ၉ ရက်မြောက်အဖြစ် ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

စခန်းမကျရေးအတွက် စစ်ကောင်စီဖက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ များစွာအသုံးပြုနေပေမယ့် အမြန်ုဆုံး သိမ်းနိုင်အောင် အာရက္ခစစ်သည်တော်တွေက ဆောင်ရွက်နေတယ်လို့ AA က ပြောပါတယ်။

အရင်နေ့က တင်ပြခဲ့တဲ့ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်းနဲ့ အမ်း- အခြေစိုက် ခမရ (၃၇၃) တပ်ရင်းကနေ ရမ်းဗြဲမြို့ဆီ ရဟတ်ယာဉ်နဲ့ စစ်ကူရောက်လာတဲ့ အင်အား ၁၂၀ ထဲက ၆၀ ခန့်ကို ဖေါ်ဖေါ်ဝါရီ ၂၅ မှာချေမှုန်းခဲ့ပြီး နောက်ထပ် ၂၀ ကို ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ ထပ်မံချေမှုနု်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့တွေဆီ လေကြောင်း (Y-12) နဲ့ လာချပေးတဲ့ ရိက္ခာ၊ လက်နက်ခဲယမ်းတွေကို AA က သိမ်းယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ ပုဏ္ဏားကျွန်းမြို့က “ခမရ (၅၅၀) တပ်ရင်းဌာနချုပ်” စခန်း၊ မောင်တောမြို့မြောက်ဘက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းတို့ကိုလည်း ဒုတိယနေ့အဖြစ် AA က ထိုးစစ်ဆင်နေတတယ်။ ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီးရှိ “ခမရ ( ၅၅၂) တပ်ရင်း” ကိုလည်း တတိယနေ့အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ စစ်ကောင်စီတပ်နဲ့ (PNLA) တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၂၀ နီးပါးသေဆုံး၊ လက်နက် ၁၇ လက် သိမ်းမိ...

- ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံး၊ ၁၄ ဦးလက်နက်ချအဖမ်းခံ၊ လက်နက်မျိုးစုံ ၄၆ လက် သိမ်းမိ...

- KNLA တပ်မဟာ(၅)နယ်မြေအတွင်းရှိ မော်ဖူး (ရိုးစလင်းစခန်း) ကို KNLA နဲ့ FFD Drone တပ်ဖွဲ့တို့က ဖေဖေါ်ဝါရီ ၂၄ မှာ သိမ်းပိုက်...

- ဖားကန့်မြို့နယ်၊ တာမခံကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA နဲ့ KPDF တို့က တိုက်ခိုက်...

...စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More